Connect with us

Economy

တရုတ်နိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်မှု ဇုန် အသစ်များသည် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်လျက်ရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လွတ်လပ်သော ကုန်သွယ်မှုဇုန် မြင်ကွင်း (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုံ၊ ထျန်ကျင်း၊ ဖူကျန့်မြို့များတွင် အသစ် တည်ထောင်လိုက်သည့် လွတ်လပ်သော ကုန်သွယ်မှုဇုန်များ (Free Trade Zones) သည် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက် ရှိကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။

အဆိုပါ ဇုန်သုံးခု တည်ထောင်ပြီး တစ်လကျော်အကြာ မေလကုန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ယွမ် ၂၂.၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံ) စာချုပ် ချုပ်ဆိုထားကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ စိန်သန်းယံ (Shen Dangyang) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကွမ်တုံတွင် ယွမ် ၇.၈ ဘီလီယံ ( ထိုဒေသရှိ ပြည်ပရင်းနှီးမြှုပ်နှံမှု၏ ၄၅.၃ ရာခိုင်နှုန်း)၊ ထျန်ကျင်းတွင် ယွမ် ၁၁.၇ ဘီလီယံ (ထိုဒေသရှိ ပြည်ပရင်းနှီးမြှုပ်နှံမှု၏ ၆၉.၄ ရာခိုင်နှုန်း)၊ ဖူကျန်တွင် ၃.၂ ဘီလီယံ (ထိုဒေသရှိ ပြည်ပရင်းနှီးမြှုပ်နှံမှု၏ ၅၃.၆ ရာခိုင်နှုန်း) စသဖြင့် သက်ဆိုင်ရာ ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိနေပါသည်ဟု ၎င်းကဆိုသည်။

ရှန်ဟိုင်းတွင် ပထမဆုံး လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (Free Trade Area) တည်ထောင်ခဲ့ပြီး ၁၈ လ အကြာတွင် အဆိုပါ ဇုန်သုံးခုကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်သော ကုန်သွယ်ဇုန်များတွင် ကျင့်သုံးမည့် စည်းမျဉ်း စည်းကမ်းသစ် တချို့ကို ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ၎င်းတို့သည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှု ကဏ္ဍတွေနှင့် ငွေရေး ကြေးရေးကဏ္ဍ လွတ်လပ် ပွင့်လင်းရေး စသည်တို့တွင် အခွင့် အလမ်းများ ပိုရရှိ စေနိုင်ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117