Connect with us

Economy

ကျင်းထုံ အုပ်စု မှ တရုတ်နိုင်ငံတွင် အကြီးဆုံး e-commerce ဇုန် တည်ဆောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တရုတ်-ဂျပန်-ကိုရီးယား သုံးနိုင်ငံ ဆွေးနွေးပွဲ၌ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရှီးကျားကျွမ်း၊ နိုဝင်ဘာ၂ ရက် (ဆင်ဟွာ)

Chinese e-commerce powerhouse ကျင်းထုံ အုပ်စု က တရုတ်နိုင်ငံ မြောက်ပိုင်း လန်းဖန် မြို့တွင် အကျိုးအမြတ် ရရှိသည့် ဒေသတွင်း ပေါင်းစည်းမှု အစီအစဉ် တစ်ရပ်အနေဖြင့် e-commerce စက်မှုဇုန် တစ်ခုအား တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း e-commerce ဇုန်သည် ၎င်းအမျိုးအစားထဲတွင် တရုတ်နိုင်ငံ၌ အကြီးဆုံးဖြစ်ပြီး ဟဲပေပြည်နယ် လန်းဖန်မြို့တွင် တည်ရှိမည်ဖြစ်ကြောင်းသိရသည်။ ထို စီးပွားရေးဇုန်အား ကျင်းထုံ အုပ်စု၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ နှင့် လူအရင်းအမြစ်များကို အသုံးပြု၍ဆောက်လုပ်သွားမည်ဖြစ်ကြောင်း နှင့် လန်းဖန် ဒေသဆိုင်ရာ အစိုးရ ကလည်း အခြေခံ အဆောက်အအုံ များဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁ ရက်နေ့တွင် ရေးထိုးခဲ့သည့် နားလည်မှု စာချုပ်အရ သိရသည်။

အဆိုပါ ဇုန်သည် ကျင်းထုံအုပ်စု ၏ အရေးကြီးသော ထောက်ပံ့ရေး စင်တာဖြစ်လာမည်ဖြစ်ပြီး လန်းဖန်မှလည်း ယင်းဇုန်သည် မြို့တော်၏ e-commerce ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်လုံးက အဆိုပါ e-commerce ဇုန်ကို အစိုးရ ဝယ်ယူ ဌားရမ်းမှုဖြင့် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီခဲ့ကြသည်။

ကျင်းထုံအုပ်စုသည် ၎င်း၏လက်အောက်ခံကုမ္ပဏီ JD.com မှတစ်ဆင့် တရုတ် နိုင်ငံ၏ e-commerce လုပ်ငန်းအား အဓိက လုပ်ဆောင်လျက်ရှိပြီး ယခုနှစ် ၏ ပထမ နှစ်ဝက်အတွင်း တစ်နိုင်ငံလုံး အွန်လိုင်း စီးပွားရေးဈေးကွက်၏ ၂၅.၁ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားနိုင် ကာ အွန်လိုင်းဈေးကွက်၏ ၅၇.၇ ရာခိုင်နှုန်းပိုင်ဆိုင်သူ အလီဘာဘာ လက်အောက်ခံ ကုမ္ပဏီ Tmall ပြီးလျှင် ဈေးကွက် ပိုင်ဆိုင်မှု ဒုတိယ နေရာတွင် ရှိကြောင်း တရုတ် E-business လေ့လာရေးစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် ပေကျင်း-တျန်ကျင်း-ဟဲပေ ပေါင်းစည်းမှု ပရိုဂရမ် အား အားပေး သွားမည် ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မှ အဆိုပါ အစီအစဉ် အား အရှိန်မြှင့်တင်ပြီး စွမ်းဆောင် နိုင်စွမ်းများအား ကြီးထွား လာစေရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။ (Xinhua)