Connect with us

Economy

အောက်တိုဘာလ အတွင်း တရုတ် အိမ်ခြံမြေ ဈေးများ ဆက်လက် မြင့်တက်နေ

တရုတ်နိုင်ငံ ချင်သောင်ဒေသ အရှေ့ပိုင်း၊ ချင်းသောင်ရှိ အိမ်ခြံမြေ စီမံကိန်းတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

သုံးလ ဆက်တိုက် ကာလ အတွက် နှစ်စဉ်နှင့် လစဉ် တန်ဖိုးများပေါ် အခြေခံထားသော သုတေသနပြုချက် တစ်ခုအရ အောက်တိုဘာလ အတွင်း တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းများသည် မြင့်တက်လျက်ရှိကြောင်း နိုဝင်ဘာလ ၁ ရက် က သိရသည်။

နမူနာထား လေ့လာမှု ပြုထားသော မြို့ပေါင်း ၁၀၀ ရှိ အိမ်ခြံမြေ ပျမ်းမျှ ဈေးနှုန်းသည် တစ်စတုရန်း မီတာလျှင် တစ်လထက် တစ်လ ဝ.၃ ရာ ခိုင်နှုန်းဖြင့် အောက်တိုဘာလတွင် ယွမ် ၁၀,၈၄၉ (အမေရိကန် ဒေါ်လာ ၁၇၀၉) အထိ မြင့်တက်လာကြောင်း China Index Academy ကပြုလုပ်သော လွတ်လပ်သည့် သုတေသန စာတမ်းအရ သိရသည်။

ယင်းကိန်းဂဏန်းသည် စက်တင်ဘာလ အတွင်း ၂.၂၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။အောက်တိုဘာလတွင် နမူနာပြု လေ့လာနေသောမြို့ ၄၈ မြို့တွင် အိမ်ဈေးနှုန်းများသည် ယခင် တစ်လထက် မြင့်တက်လာခဲ့ပြီး မြို့၁၁ မြို့ တွင်မူ စက်တင်ဘာလထက် လျော့နည်းသွားခဲ့သည်။

နှစ်အလိုက် အခြေခံရလျှင် နမူနာပြု လေ့လာနေသော မြို့ပေါင်း ၁၀၀ ရှိ ဈေးနှုန်းများသည် အောက်တိုဘာလ အတွင်း တစ်စတုရန်း မီတာလျှင် ၂.၀၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ပေကျင်းနှင့် ရှန်ဟိုင်း အပါအဝင် တရုတ်နိုင်ငံ၏ အဓိကမြို့ကြီဒ ၁၀ မြို့ရှိ အိမ်အသစ် ဈေးနှုန်းများသည် အောက်တို ဘာလတွင် ၆.၆၅ ရာခိုင်နှုန်း တစ်ရှိန်ထိုး တက်လာခဲ့ပြီး စက်တင်ဘာလကထက် ၁.၀၁ ရာခိုင်နှုန်း ပိုလာခဲ့သည်။

၂၀၁၄ ခုနှစ်၌ ဝယ်လိုအား ကျဆင်းပြီး ရောင်းမထွက်သော အိမ်များ ပိုလျှံနေမှု များကြောင့် တရုတ် အိမ်ရာဈေးကွက် အကျဘက်သို့ ရောက်ရှိခဲ့သည်။ ၂၀၁၅ ခုနှစ်အထိ ဈေးကွက် ဆက်လက် အေးနေခဲ့ပြီး ရောင်းအားနှင့် ဈေးနှုန်းများ ကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများလည်း နှေးကွေးခဲ့သည်။

ထိုသို့ ဈေးကွက် နှေးကွေးမှုများအား ကုစားရန် ဗဟိုဘဏ်သည် ၁၁ လအတွင်း စံအတိုးနှုန်းများအား ခြောက်ကြိမ် ဖြတ်တောက်ပေးခဲ့ပြီး ကိုးလအတွင်း ဘဏ်အရန်ငွေ လိုအပ်ချက် အချိုးအား ငါးကြိမ် ဖြေလျော့ပေး ခဲ့သည်။

အိမ်ဟောင်း (လူနေပြီးသား အိမ်) ဝယ်ယူမှု အတွက် စရန်ငွေ လိုအပ်ချက်များအား လျှော့ချပေးခဲ့သလို ဒေသ ဆိုင်ရာ အစိုးရများကလည်း အခြား လူနေထိုင်မှုဆိုင်ရာ ကန့်သတ်ချက်များအားလည်း လျှော့ချပေးခဲ့သည်။

တရုတ်နိုင်ငံ၏ ဘဏ်နှင့် အိမ်ရာ ဈေးကွက် ထိန်းသိမ်းသူများက အိမ်အဟောင်း ဝယ်ယူမှု လိုအပ်ချက်အား သြဂုတ်လနှောင်းပိုင်တွင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိလျှော့ချခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.