Connect with us

Economy

တောင်ကိုရီးယားနိုင်ငံ အတွက် တရုတ်၏ ပြည်ပ ရင်းနှီးမြှုပ်နှံသူ အရည်အချင်း သတ်မှတ်ချက် ခွင့်ပြုပမာဏ ယွမ် ၁၂၀ ဘီလီယံ တိုးမြှင့်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲမှဒုတိယ) နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ ပက်ဂွမ်ဟေး (ယာမှဒုတိယ) တို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၁ ရက် (ဆင်ဟွာ)

တရုတ်၏ ပြည်ပ ရင်းနှီးမြှုပ်နှံသူ အရည်အချင်း သတ်မှတ်ချက် အစီအစဉ်( (RMB Qualified Foreign Institutional Investors=RQFII) အရ တောင်ကိုရီးယား နိုင်ငံအတွက် တရုတ်နိုင်ငံအတွင်း ရင်နှီး မြှုပ်နှံမှု ပမာဏအား ယွမ် ၁၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၉ ဘီလီယံ) အထိ တိုးမြှင့်လိုက်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်က အောက်တိုဘာ ၃၁ ရက်နေ့က ကြေညာခဲ့သည်။

ယခင်က အဆိုပါ ပမာဏသည် ယွမ် ၈၀ ဘီလီယံသာ ရှိခဲ့ပါသည်။

တရုတ်နိုင်ငံ ပြည်မကြီးတွင် ပြည်ပယွမ် ရန်ပုံငွေ အတွက် ရင်းနှီးမြှုပ်နှံမှု ကျယ်ပြန့်ရန် RQFII လုပ်ထုံးလုပ်နည်း များကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့ပြီး အရည်အချင်း ပြည့်မီသော ရင်းနှီးမြှုပ်နှံသူများအား ကန့်သတ်ထားသော ခွင့်ပြု ပမာဏအတွင်းမှ တရုတ် အစုရှယ်ယာ သက်သေခံ လက်မှတ် ဈေးကွက်ရှိ ယွမ်အခြေခံ ရန်ပုံငွေတွင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားသည်။

ယခု ဆုံးဖြတ်ချက်သည် နှစ်နိုင်ငံ အကြား ငွေကြေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက်များ ထဲမှ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။ နှစ်နိုင်ငံလုံး အနေဖြင့် မကြာမီ ကာလအတွင်း တရုတ်နိုင်ငံခြား ငွေကြေး ကုန်သွယ်မှု စနစ် အောက်မှ ယွမ်နှင့် ဝမ် အကြား ငွေကြေးဈေးကွက် တိုက်ရိုက် ကုန်သွယ်မှု တည်ထောင်ရန် သဘောတူခဲ့ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အတွင်း ယွမ်အား ကမ္ဘာသုံး ငွေကြေးအဖြစ် တွန်းအားပေး၍ ငွေချေး စာချုပ်ဈေးကွက် မြှင့်တင်ရေးနှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်း ဒေသတွင် ငွေကြေး ပူးပေါင်း ဆောင်ရွက်မှု ရှေ့ပြေး အစီအမံသစ် အပါအဝင် အခြား ပူးပေါင်း ဆောင်ရွက်မှုများလည်း သဘောတူခဲ့သည်။
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံသို့ အောက်တိုဘာလ ၃၁ ရက်က ရောက်ရှိခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117