Connect with us

Economy

တရုတ်တွင် iPhone 7 စတင်ရောင်းချပြီးနောက်ပိုင်း ဝယ်ယူသူ အထူးများပြား

Apple ကုမ္ပဏီ၏ iPhone 7 Plus စမတ်ဖုန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

Apple ကုမ္ပဏီ၏ iPhone 7 နှင့် 7 Plus အမျိုးအစား စမတ်ဖုန်းများသည် စက်တင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး ကြိုတင်မှာယူထားသည့် 7 Plus နှင့် သပိတ်ရောင် iPhone 7 တို့အား အကုန်ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

ကြိုတင်မှာယူထားသည့် iPhone 7 နှင့် 7 Plus ဖုန်းများ ရယူရန်အတွက် ပေကျင်းမြို့ Sanlitun ဈေးဝယ်ဧရိယာ အတွင်းရှိ Apple အရောင်းဆိုင် အပြင်ဘက်တွင် နံနက်အစောပိုင်းကတည်းက ဝယ်ယူသူများ တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။အမည်မဖော်လိုသူ ဝယ်ယူသူ တစ်ဦးက iPhone အသစ်၏ အကောင်းဆုံးဆွဲဆောင်မှုများမှာ ကင်မရာ မှန်ဘီလူး နှစ်ခုပါဝင်ခြင်းနှင့် ရေစိုခံနိုင်ခြင်းတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော့် သူငယ်ချင်းအများစုဟာ Apple ထုတ်ကုန်များကို ကြိုက်နှစ်သက်သူများဖြစ်ပြီး သူ့ရဲ့ထုတ်ကုန်အသစ်တွေကို ပထမဆုံး သုံးစွဲလိုသူတွေလည်းဖြစ်ပါတယ်။ အခြားသူတွေကတော့ iPhone ထက် ပိုပြီး ဈေးသက်သာတဲ့ ပြည်တွင်းထုတ် စမတ်ဖုန်းတွေကို အသုံးပြုကြပါတယ်” ဟုပြောကြားခဲ့သည်။တရုတ်နိုင်ငံ မှ iPhone အသုံးပြုသူများသည် စက်တင်ဘာ ၁၄ မှ စ၍ Apple ၏ iOS 10 စနစ်ကို ဒေါင်းလုပ်ဒ် ပြုလုပ်နိုင်ပြီဖြစ်ကာ ယင်းစနစ်၌ အင်တာနက် ကုမ္ပဏီများက ထောက်ပံပေးထားသည့် အချက်အလက်ပေါ် အခြေခံထားသော ဖုန်းနောက်ပြောင်ခေါ်ဆိုမှုများအား ဟန့်တားနိုင်သည့် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားကြောင်း သိရသည်။

Apple ကုမ္ပဏီ၏ ကိုးလပိုင်းအထိ တရုတ်နိုင်ငံအတွင်းရရှိခဲ့သော ဝင်ငွေ သည် အမေရိကန်ဒေါ်လာ ၈.၈၅ဘီလီယံ ရှိပြီး ယခင်နှစ်ကထက် ၃၃ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။
iPhone မော်ဒယ် အသစ်များ ထုတ်လုပ်ပြီးကတည်းက Apple ၏ ရှယ်ယာတန်ဖိုးသည် ယခင် ထက် ၁၁ရာခိုင်နှုန်းမြင့်တက်သွားခဲ့ကြောင်း သိရသည်။ (Xinhua)