Connect with us

Economy

(B&R Forum) ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ပေါ်လေပြီ

တရုတ်နိုင်ငံရှိ ဆိပ်ကမ်း တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က ကုန်သည်တွေနဲ့ ကုန်တင်ကားတွေဟာ ကုန်စည်တွေ နည်းပညာတွေ ကုန်သွယ်ရင်းနဲ့ ပိုးလမ်းမကြီးတစ်လျှောက် အရှေ့မှ အနောက်သို့ စတင်ရွေ့လျားလာခဲ့တယ်။ ခေတ်ဟောင်းမှ ကုန်သွယ်မှုတွေ ဆန်းသစ်ရင်းနဲ့ ယခုဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ကာ ချမ်းသာကြွယ်ဝမှုတွေကို မျှဝေလျက်နဲ့ ခေတ်သစ် ပိုးလမ်းမကြီး တစ်ခု ဖြစ်တည်လာခဲ့ပါပြီ။

၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံက စတင် အဆိုပြုခဲ့စဉ်ကတည်းက ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးမှုဟာ ကြီးမားတဲ့ ဆွဲဆောင်မှုတွေ အပြည့်ရရှိခဲ့ပါတယ်။ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးမှုမှာ ယခင် ပိုးလမ်းမကြီး စီးပွားရေးလမ်းကြောင်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးတို့ ပါဝင်ပြီး အာရှဒေသကို ရှေးဟောင်း ကုန်သွယ်မှု လမ်းကြောင်းရှိ ဥရောပ၊ အာဖရိကတို့နဲ့ ဆက်သွယ်လျက် ကုန်သွယ်မှု၊ အခြေခံ အဆောက်အအုံ ကွန်ရက်တွေ တည်ထောင်ပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။

အဆိုပါ အစပျိုးမှုကို ဖော်ဆောင်တဲ့အနေနဲ့ နိုင်ငံတကာ အဆင့်အမြင့်ဆုံး အစည်းအဝေးအဖြစ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် (Belt and Road Forum for International Cooperation) ကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံမှ အစိုးရ ခေါင်းဆောင်များ တက်ရောက်ကြမှာပါ။

“ခေတ်သစ် ပိုးလမ်းမကြီးရဲ အဓိက တည်ဆောက်ပုံကတော့ လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ မြို့တွေကြားက ကုန်သွယ်ရေးဇုန်တွေ၊ နိုင်ငံတကာ စီးပွားရေး စြင်္က ံတွေနဲ့ ဆိပ်ကမ်းတွေကို ပိုပြီးကောင်းမွန်စွာ ချိတ်ဆက်ပေးပါလိမ့်မယ်” ဟု ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးမှု လုပ်ငန်းစဉ်အား လိုက်ပါဆောင်ရွက်ခဲ့သူ တရုတ်နိုင်ငံ Renmin တက္ကသိုလ်က သုတေသီ ရှန်းကျင်ယုံက ပြောပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့ ညဘက်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ယခုလို ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုကို ထောက်ခံခဲ့ကြသလို အနည်းဆုံး နိုင်ငံပေါင်း ၄၀ နဲ့ တရုတ်က သဘောတူ လက်မှတ်ရေးထိုးထားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်က နိုင်ငံတွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဘီလီယံ ၅၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင် အဲဒီနိုင်ငံတွေမှာရှိတဲ့ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ပေါင်း ၅၆ ခုကိုလည်း တရုတ် စီးပွားရေး လုပ်ငန်းရှင်များက တည်ထောင်ထားပြီး ဖြစ်ပါတယ်။ ထို ဇုန်တွေကနေ အခွန်ငွေ အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ နီးပါး ရရှိခဲ့နေပြီး ဒေသခံ အလုပ်အကိုင်ပေါင်း ၁၈၀,၀၀၀ ကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်လို့ တရားဝင် စာရင်းတွေက ဖော်ညွှန်းထားပါတယ်။

စီးပွားရေး အချက်အခြာသစ်

“ခေတ်သစ် ပိုးလမ်းမကြီးက တရုတ်နိုင်ငံအတွက် သီးသန့် တစ်ခုထဲ မဟုတ်ပါဘူး၊ နိုင်ငံများစွာရဲ့ ကြွယ်ဝချမ်းသာရေးအတွက်လဲ ထည့်သွင်းစဉ်းစားထားတဲ့ လမ်းကြောင်းကြီး တစ်ခု ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး Fang Aiqing က ပြောပါတယ်။

ကမ္ဘာ့ စီးပွားရေးဟာ တိုးတက်မှု နှေးကွေးခြင်း၊ ငွေကြေးဆိုင်ရာ မတည်ငြိမ်မှုကြောင်း ဈေးကွက်ဝယ်လိုအား လျော့နည်းခြင်းတွေ ကြုံတွေ့နေရချိန်မှာ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးမှုက ကမ္ဘာ့ စီးပွားရေးကို ချိန်ခွင်လျှာ ညှိကာ သတ်မှတ်ထားတဲ့ တိုးတက်မှု ဖြစ်စေမယ့် လိုအပ်တဲ့ အဖြေ တစ်ခု ဖြစ်ပါတယ်။

“ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်မှာရှိတဲ့ နိုင်ငံ အများစုဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဖြစ်ပြီး ပိုကောင်းတဲ့ စီးပွားရေး ဖော်ဆောင်မှုနဲ့ ဒေသတွင်း စီးပွားရေး ပေါင်းစည်းဖို့အတွက် စိတ်အားထက်သန်ကြသူတွေ ဖြစ်တယ်” ဟု Fang က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ အခုလို အစပျိုး ဖော်ဆောင်မှုဟာ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ ကာဇက်စတန်၊ ပိုလန်၊ တူရကီနဲ့ ဗီယက်နမ်ကဲ့သို့သော နိုင်ငံတွေနဲ့လည်း သီးသန့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွေနဲ့ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ ရေနံ ပိုက်လိုင်းများနဲ့ အခြား အခြေခံ အဆောက်အအုံများလည်း တည်ဆောက်ထားပြီး ဖြစ်သလို ယဉ်ကျေးမှု၊ ပညာရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ ဖလှယ်မှုတွေကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

ဘန်ကောက်ကနေ ကီလိုမီတာ ၂၀၀ အကွာက ရယောင်မှာ တည်ရှိတဲ့ ထိုင်း-တရုတ် စက်မှုဇုန်ကလည်း အောင်မြင်မှုအရှိဆုံး စီးပွားရေးဇုန်တွေထဲက တစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဇုန်ထဲမှာ ကုမ္ပဏီပေါင်း ၉၀ ခန့်တွေ လုပ်ကိုင်နေကြသလို ဒေသခံ အလုပ်အကိုင်ပေါင်း ၂၀,၀၀၀ ကိုထောက်ပံ့ပေးထားနိုင်ခဲ့ပါတယ်။

ယခုဆိုလျှင် အပတ်စဉ် တရုတ်နိုင်ငံကနေ ခေတ်သစ် ပိုးလမ်းမကြီးတစ်လျှောက်က နိုင်ငံပေါင်း ၄၃ နိုင်ငံနဲ့ တိုက်ရိုက် လေကြောင်း ပျံသန်းမှု ရှိနေပါပြီ။ ရထားလမ်းကြောင်းများကိုလည်း မြန်နှုန်းမြင့် ရထားလမ်းများ အဖြစ် လုပ်ဆောင်ခဲ့သလို တရုတ်-ဥရောပ ကုန်တင်ရထားလမ်း ၃၉ ခုကလည်း လည်ပတ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ ချန်ဒူနှင့် ချုံချင်းကဲ့သို့မြို့များရှိ ရထားလမ်း ကွန်ရက်မှတစ်ဆင့် ကုန်စည် ပို့ဆောင်မည့် တရုတ် ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီ အရေအတွက် တိုးတက်လာခဲ့သည်။

“ခေတ်သစ် ပိုးလမ်းမကြီး အစပျိုး ဖော်ဆောင်မှုရဲ့ အုတ်မြစ်က သယ်ယူပို့ဆောင်ရေး ကွန်ရက်ချိတ်ဆက်မှုပါပဲ” ဟု ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Wu Chungeng က ပြောပါတယ်။

ရှေးခေတ်သို့ ပြန်လည်မျှော်ကြည့်ခြင်း

လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ခန့်အကြာက ထောင်ပေါင်းများစွာသော လက်လီရောင်းသူနှင့် ကုန်သည်များက လက်ရှိ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ် မြို့တော် ရှီးအန်း၏ အနောက်ဘက်နှင့် အရှေ့ဘက်ရှိ ဈေးများ၌ စုဝေးကာ ရောင်းဝယ်ဖောက်ကားခဲ့ကြတယ်။ အဆိုပါ ဈေးများကို ရှေးဟောင်း ပိုးလမ်းမကြီး တစ်လျှောက် ကောင်းစွာ လူသိများခဲ့ကြပါတယ်။

“လူတွေက ပိုးထည်တွေ၊ လက်ဖက်တွေ ဒီကို ယူလာပြီး အရှေ့အလယ်ပိုင်းနဲ့ ဥရောပတွေဘက်ကို သယ်သွားခဲ့ကြတယ်၊ ပြီးတော့ ကုန်တင်ကားတွေက ငရုတ်ကောင်းတွေနဲ့ လေညှင်းပွင့်တွေကို ပြန်သယ်လာခဲ့ကြတယ်” ဟု တန်မင်းဆက် (၆၁၈ ခုနှစ်မှ ၉၀၇ ခုနှစ်အထိ) အနောက်ဘက် ဈေးကြီး ပြတိုက်၏ ပြတိုက်မှူး ဝမ်ဘင်က ပြောပြသည်။

၎င်းက ဆက်၍ “ဈေးကြီး တိုးတက်လာခဲ့ချိန်မှာပဲ ပြည်သူတွေရဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ လူနေမှုဘဝတွေလဲ ကောင်းမွန်လာခဲ့တယ်၊ တန်မင်းဆက်ခေတ် မကုန်ဆုံးမီ နှစ်ပေါင်း ၃၂၀ လောက်အထိ အဲဒီ အနောက်ဘက် ဈေးကြီး တည်ရှိခဲ့တယ်” လို့ ရှင်းပြခဲ့ပါတယ်။

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ြဖိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ဟဲလီဖန်းက “ရှေးဟောင်း လမ်းမကြီးက အဓိကကျခဲ့တယ်ဆိုတာ ကျွန်တော်တို့ ပြန်ပြောင်း အမှတ်ရဖို့လိုပါတယ်၊ ခေတ်သစ် ပိုးလမ်းမကြီးမှတစ်ဆင့် ပွင့်လင်းပြီး ဘုံ သုခချမ်းသာများ ပိုမို ရရှိဖို့ တရုတ်က ရည်ရွယ်ထားပါတယ်” လို့ ၎င်းရဲ့ အမြင်ကို ပြောပါတယ်။

“သမိုင်းဆိုတာက နှုတ်ဆိတ်ပြီးသာ နေချင်နေပါလိမ့်မယ်၊ ဒါပေမဲ့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး၊ အတိတ်က အတွေ့အကြုံတွေနဲ့အတူ အနာဂတ်ကို ပုံဖော်သွားရမဲ့ အချိန်ပါပဲ” ဟု ဟဲလီဖန်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

နည်းပညာ ရထားကြီး ထွက်ခွာပါပြီ

တရုတ် ကုမ္ပဏီများမှာ ခေတ်သစ် ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ၌ နိုင်ငံရပ်ခြား နည်းပညာဆိုင်ရာ စင်တာများနှင့် ကုန်ထုတ်လုပ်ခြင်း အခြေစိုက်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လုပ်ဆောင်လျက် ရှိပါတယ်။

“တရုတ် ကုမ္ပဏီတွေက အထူးသဖြင့် အဆင့်မြင့် နည်းပညာပိုင်းမှာ ဖွံ့ဖြိုးမှု လျင်မြန်လာတယ်၊ အများစုက သူတို့ရဲ့ နည်းပညာတွေကို တန်ဖိုးဖြတ်ဖို့နဲ့ ချဲ့ထွင်ဖို့ အသင့်ရှိနေပါပြီ” ဟု ပေကျင်း Zhongguancum သိပ္ပံဥယျာဉ်ရှိ ခေတ်သစ် ပိုးလမ်းမကြီးလုပ်ငန်း မြှင့်တင်ရေး ဥက္ကဋ္ဌ ကျန်းရှောင်တုံက ပြောပါတယ်။

Zhongguancum တွင် ဘေးကင်းသည့် ရေရရှိရေး ဆောင်ရွက်ချက်များ လုပ်ဆောင်နေသော Beijing Origin Water နည်းပညာ ကုမ္ပဏီ လီမိတက်မှာ ရေထုညစ်ညမ်းမှု တားမြစ်ရန် စစ်ဆေးသည့် ကိရိယာများနှင့် သန့်စင်သည့် ရေ ထုတ်လုပ်ရာတွင် အောင်မြင်လျက်ရှိသည်။

ယင်းကုမ္ပဏီက အိုမန်နိုင်ငံတွင် ရေထုညစ်ညမ်းမှု ပြုပြင်ရေး စီမံချက်တွင် အမေရ်ကန် ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရပါတယ်။

“ခေတ်သစ် ပိုးလမ်းမကြီး နိုင်ငံတွေ ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး လုပ်သွားမှာပါ” ဟု Beijing Origin Water ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဟဲယွမ်ဖိန်က ပြောပါတယ်။

ခေတ်သစ် ပိုးလမ်းမကြီးက နည်းပညာတွေ လိုအပ်ပါတယ်၊ တရုတ်နိုင်ငံရဲ့ နည်းပညာ ဥယျာဉ်များနဲ့ ပိုးလမ်းမကြီး နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားတဲ့ အလားအလာ တစ်ခုဖြစ်ကြောင်း Zhongguancum အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ထို့ပြင် ပေကျင်း အခြေစိုက် Tus-Holdings ကလည်း အီဂျစ်၊ မလေးရှား၊ မွန်ဂိုးလီးယား၊ ပါကစ္စတန်၊ ရုရှားနှင့် ထိုင်း နိုင်ငံများမှ မန်နေဂျာများကို လေ့ကျင့်သင်ကြားပေးခဲ့သလို စက်မှု ဥယျာဉ်များ တည်ထောင်ရန် စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.