ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဟိုင်နန်ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းဆောင်ရွက်မှုများကို ဒီဇင်ဘာ ၁၈ ရက်၌ စတင်ပြီးနောက် ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) အနေဖြင့် အဆင့်မြင့်မားသော လွတ်လပ်စွာ ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုနှင့် လိုက်ဖက်ညီသည့် မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်တစ်ရပ်ကို ချမှတ်သွားမည်ဖြစ်ရာ ယင်း၏ တံခါးဖွင့်လှစ်မှုကို တစ်ဆင့်တိုး...
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးမှာ နိုဝင်ဘာလတွင် တည်ငြိမ်သော အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ကာ တစ်နှစ်တာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျာထားချက် ပြည့်မီစေမည့် သင့်လျော်ကောင်းမွန်သော အခြေအနေများကို ဖန်တီးပေးခဲ့သည်ဟု ဒီဇင်ဘာ ၁၅ ရက်၌ အသစ်ထုတ်ပြန်သည့် စီးပွားရေးညွှန်းကိန်းများအရ သိရသည်။
ချုံချင့်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဓာတုထုတ်ကုန်များ၊ မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများစသည့် ကုန်ပစ္စည်းများကို တင်ဆောင်လာသော တရုတ်-စင်ကာပူ ဘက်စုံ ပူးတွဲသယ်ယူပို့ဆောင်ရေး သရုပ်ပြစီမံကိန်းမှ ရထားတစ်စင်းသည် တရုတ်နိုင်ငံ ချုံချင့် ယွီးကျွေဘူတာမှ ဒီဇင်ဘာ ၁၅ ရက်တွင် ဖြည်းညင်းစွာ ထွက်ခွာလာခဲ့ပြီး တောင်ဘက်သို့ ဦးတည်ကာ ကွမ်ရှီးဒေသ ချင့်ကျိုးမှ...
ချုံချင့်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်မြို့ စီကျု ထူကျားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် လန်ဆွေမြို့နယ်လေးသည် ချုံချင့်မြို့နှင့် ဟူပေပြည်နယ်ဆက်စပ်ရာ ဝူလျင်တောင်တန်းဒေသတွင် တည်ရှိပြီး ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့် ၁,၄၀၀ မီတာ၊ သစ်တောဖုံးလွှမ်းမှု ၈၅ ရာခိုင်နှုန်းရှိရာ ဂေဟအရင်းအမြစ် ပေါကြွယ်ဝပေသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း တရုတ်နိုင်ငံ၏ စက်ယန္တရားလုပ်ငန်းသည် စက်မှုလုပ်ငန်းအတိုင်းအတာ၊ နိုင်ငံခြားကုန်သွယ်မှုနှင့် ဆန်းသစ်တီထွင်မှုတို့၌ သိသာထင်ရှားသော တိုးတက်မှုကို ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ စက်ယန္တရားလုပ်ငန်းအဖွဲ့ချုပ်က ဒီဇင်ဘာ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။
ဟားအယ်ပင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ရေခဲနှင့်ဆီးနှင်း ဇာတ်လမ်းနောက်ခံပြု အပန်းဖြေဥယျာဉ်ဖြစ်သည့် ၂၇ ကြိမ်မြောက် ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာ အပန်းဖြေဥယျာဉ်ကို တရုတ်နိုင်ငံ၏ “ရေခဲမြို့” ဖြစ်သော နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော်ဟားအယ်ပင်း၌ ဒီဇင်ဘာ ၁၇ ရက်တွင် အများပြည်သူအတွက် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
မဲလ်ဘုန်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ်- HX013 သည် ဒီဇင်ဘာ ၁၃ ရက်က မဲလ်ဘုန်းမြို့လေဆိပ်သို့ ဆင်းသက်ခဲ့ရာ ယင်းလေကြောင်းလိုင်းအနေဖြင့် ဟောင်ကောင်မှ မဲလ်ဘုန်းသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်ဖြစ်လာခဲ့သည်။
ဟိုင်ခို၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) သည် ကမ္ဘာအနှံ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ မြင့်တက်လာသော်ငြားလည်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ၏ တံခါးဖွင့်လှစ်မှုမောင်းနှင်အားတွင် အဓိကကျသော သမိုင်းမှတ်တိုင်ဖြစ်သည့် ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုရှိသောပတ်ဝန်းကျင်ဖြစ်နေသော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုမှာ တည်ငြိမ်သော တိုးတက်မှုနှင့် ခိုင်မာသည့် တက်ကြွမှုကို ပြသခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်၌ ထုတ်ပြန်ခဲ့သည်။
ကိုင်ရို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံရှိ စူးအက်တူးမြောင်း စီးပွားရေးဇုန် (SCZone) သည် အနောက်ကွမ်တာရာ စက်မှုဇုန်တွင် မိုက်ခရိုဖိုက်ဘာ ထုတ်လုပ်ရေး စီမံကိန်းတစ်ခု တည်ထောင်ရန် သဘောတူစာချုပ်တစ်ရပ်ကို တရုတ်နိုင်ငံမှ Ningbo Dashun Fur ကုမ္ပဏီနှင့် ဒီဇင်ဘာ ၁၂ ရက်က ချုပ်ဆိုခဲ့ကြောင်း...