Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေကြီးမြင့်မှုကို မုံရွာမြို့နယ်တွင် ရေကင်း (၂၄)ခုဖြင့်စောင့်ကြည့်သွားမည်

ချင်းတွင်းမြစ်တွင် သဘောင်္တစ်စင်း အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်သည် နှစ်စဉ်မိုးရာသီတွင် မြစ်ရေကြီးမြင့်မှုကြောင့် ချင်းတွင်းမြစ်ဖြတ်သန်းစီးတင်းရာ မြို့နယ်များ တွင်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ မုံရွာမြို့နယ်အတွင်း ယခုနှစ်မိုးရာသီမြစ်ရေကြီး မြင့်မှုကိုရေကင်း (၂၄)ခုဖြင့်စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှသိရသည်။

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေသည် ယနေ့နံနက် (၉)နာရီတွင် (၉၆၉)စင်တီမီတာသို့ ရောက်ရှိလျက် ရှိရာ ဆက်လက်တက်နိုင်သဖြင့် ရေကင်းများဖြင့် စောင့်ကြပ်သွားခြင်းဖြစ်ကြောင်းနှင့် ရေဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် သဲအိတ်၊ မြေသယ်ယူရန် တောင်းများ၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူရွင်း၊ မျှောတိုင်၊ သစ်သားတိုင်၊ ဝါး၊ ကြိုး၊ သဲ၊ သံ၊ ဝါးထရံကပ်များကိုလည်း စုဆောင်းထားရှိရန် နှိုးဆော်ထားကြောင်း သိရသည်။

မုံရွာမြို့နယ်တောင်ဘက်အခြမ်း သစ်ဆိမ့်ကျေးရွာရေကင်းအမှတ်(၁)မှ မုံရွာမြို့ပေါ်ရုံးကြီးရပ်ကွက် နန်ချွန်ဆိပ် ကမ်းအထိ ရေကင်းအမှတ် (၁၄)ထိလည်းကောင်း၊ မုံရွာမြို့မြောက်ဘက်ခြမ်းဖြစ်သော ရုံးကြီး ရပ်ကွက် သလ္လာဝတီ ဆိပ်မှ ရေကင်းအမှတ်(၁၅)မှ စစ်ပင်ရပ်ကွက်အထိ ရေကင်းအမှတ် (၂၄)အထိ ဌာနဆိုင် ရာများမှ ကြီးကြပ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များမှ စောင့်ကြည့် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.