Connect with us

Environment, Disasters & Accidents

ပေကျင်းတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား၍ လူတစ်ဦး သေဆုံး

ပေကျင်းတွင် ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သည့် လူနေ အဆောက်အအုံ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ပေကျင်းတွင် ဧပြီလ ၁၀ ရက် နေ့လည်ပိုင်းက ဓါတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲရာမှ အစပြုခဲ့သည့် မီးလောင်မှု ကြောင့် လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ် ဝန်ထမ်းများက ပြောကြားခဲ့သည်။

ဟိုင်သရန့် ဒေသတွင် နေ့လည် ၁ နာရီခန့်က မြေအောက် ဓါတ်ငွေ့ ပိုက်လိုင်း တစ်ခု ပေါက်ကွဲခဲ့ပြီး အနီးရှိ လူနေ အဆောက်အအုံများသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း မြို့နယ် မီးသတ်ဋ္ဌာန၏ ပြောကြားချက် အရ သိရသည်။

မီးသတ် ဝန်ထမ်းများသည် အဆောက်အအုံတွင်း ပိတ်မိနေသည့် လူ ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အခြားလူ ၁၆၀ ကျော်ကို ရွှေ့ပြောင်း ပေးခဲ့ကြောင်း သိရသည်။

မီးသတ်ယာဉ် ၂၂ စီးဖြင့် ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် နေ့လည် ၂း၃၀ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ကနဦး စုံစမ်း စစ်ဆေးချက်များ အရ ပေါက်ကွဲမှုသည် ဆောက်လုပ်ရေး ဝန်ထမ်း တစ်ယောက် က ဓါတ်ငွေ့ ပိုက်လိုင်း အား မတော်တဆ ထိခိုက်မိသောကြောင့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.