Connect with us

China

သိပ္ပံ-နည်းပညာ လက်တွေ့စမ်းသပ်မှုများ ပိုမိုဆောင်ရွက်ရန် ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများ အာကာသစခန်းသို့ ခရီးစဉ်စတင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် တရုတ်အာကာသယာဉ်မှူးများဖြစ်သော ရဲ့ကွမ်းဖူ (ဝဲ) ၊ လီချုံး (အလယ်) နှင့် လီကွမ်ဆူးတို့အား လိုက်ပါပို့ဆောင်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရှန်ကျိုး-၁၈ လူလိုက်ပါသောအာကာသယာဉ်ကို ဧပြီ ၂၅ ရက်က လွှတ်တင်ခဲ့ပြီး အာကာသယာဉ်မှူး သုံးဦးကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းရှိ ထျန်းကုန်းအာကာသစခန်းတွင် ခြောက်လကြာမစ်ရှင်အတွက် ပို့ဆောင်မည်ဖြစ်သည်။ အာကာသယာဉ်လွှတ်တင်ပြီး ၁၀ မိနစ်ခန့်အကြာတွင် ရှန်ကျိုး-၁၈ အာကာသယာဉ်သည် သယ်ဆောင်ရေးဒုံးပျံမှ ခွဲထွက်ကာ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားခဲ့သည်။ အာကာသယာဉ်မှူးများမှာ အခြေအနေကောင်းမွန်လျက်ရှိသလို လွှတ်တင်ရေးလုပ်ငန်းစဉ်မှာလည်း အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအေဂျင်စီ (CMSA) က ကြေညာခဲ့သည်။ အဆိုပါ အာကာသယာဉ်မှူး သုံးဦး၏ ထူးခြားသောတာဝန်တစ်ရပ်မှာ ကမ္ဘာ့ဆွဲအားကင်းလွတ်သောနေရာတွင် ငါးပြတိုက်တစ်ခု ဖန်တီးရန်နှင့် ငါးမွေးမြူရန်ဖြစ်ကြောင်း သိရသည်။ (Xinhua)

အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SZi

……………………………………..
(English Version)
Shenzhou-18 taikonauts start journey to space station for more sci-tech experiments
JIUQUAN, April 25 (Xinhua) — China on Thursday launched the Shenzhou-18 manned spaceship that will send three taikonauts to the orbiting Tiangong space station for a six-month mission. About 10 minutes after the launch, the Shenzhou-18 spaceship separated from the rocket and entered its designated orbit. The crew members are in good shape and the launch is a “complete success,” the China Manned Space Agency (CMSA) announced. A unique task for the three pilot-turned taikonauts is to create an “aquarium” and raise fish in zero gravity.
Photo: Chinese taikonauts Ye Guangfu (L), Li Cong (C) and Li Guangsu attend a see-off ceremony at the Jiuquan Satellite Launch Center in northwest China on April 25, 2024. (Xinhua/Li Gang)