Connect with us

Politics, Law & Military

မာယင်းကျုံနှင့် တွေ့ဆုံအပြီး ထိုင်ဝမ်ရေလက်ကြား ဆက်ဆံရေးနှင့်ပတ်သက်၍ အချက်လေးချက်ပါ အဆိုပြုချက်အား ရှီကျင့်ဖိန် ပြောကြား

ထိုင်ဝမ်ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ စင်ကာပူ၌ တွေ့ဆုံဆွေးနွေးကြစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာလ ၇ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ စင်ကာပူနိုင်ငံတွင် တွေ့ဆုံခဲ့သည့် သမိုင်းဝင် အစည်း အဝေးတွင် အချက်လေးချက်ပါသော အဆိုပြုချက်တစ်ရပ်အား ရှီကျင့်ဖိန်မှ ပြောကြားခဲ့သည်။

ရှီနှင့် မာတို့ တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အစည်းအဝေး၌ ရှီက ၁၉၉၂ ခုနှစ်တွင် သဘောတူခဲ့သည့် One-China မူဝါဒကို အခြေခံ ထားသော ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်၏ ဘုံနိုင်ငံရေး သဘောတူညီချက်အား စောင့်ထိန်းလိုက်နာ ကြရန်အတွက် တောင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဒေသရေးရာ အကြီးအကဲ ကျန်းကျိကျွမ်က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း ၁၉၉၂ ခုနှစ် သဘောတူညီချက်အတိုင်း ထိုင်ဝမ်ရေလက်ကြား နှစ်ဘက် ဆက်ဆံရေးဟာ ငြိမ်းချမ်းစွာ ဖွံံ့ဖြိုး တိုးတက်လာခဲ့တယ်” ဟု ရှီ၏ ပြောစကားကို ကိုးကား၍ ကျန်းက ပြောသည်။

ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ရှိ ပြည်သူများ၏ နေထိုင်မှုအား မြှင့်တင်ခြင်းနှင့် ယဉ်ကျေးမှု၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှုများအား အဆင့်မြှင့်တင်သွားမည့်အကြောင်း ၎င်းကပြောသည်။
ထို့ပြင် တရုတ်နိုင်ငံအား ကြီးမားသော အားသစ်လောင်း နိုင်ငံ ဖြစ်လာစေရန် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ပူးတွဲ အားထုတ် ကြရန် ရှီက တောင်းဆိုခဲ့ကြောင်း ကျန်းက ဖြည့်စွက်ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117