Connect with us

Politics, Law & Military

လူ့ကျင့်ဝတ်နှင့်မညီ ရည်ရွယ်ချက်ရှိရှိ အမုန်းတရားလှုံ့ဆော်မှုများက အကျည်းတန် ရုပ်ဆိုးလွန်းလှ

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေကြသည့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၌  COVID-19 ရောဂါကို အစွမ်းကုန် အင်တိုက်အားတိုက် တိုက်ဖျက်နေချိန်တွင် အမေရိကန် မီဒီယာအချို့သည် ရည်ရွယ်ချက်ရှိရှိ မသမာသည့် အသုံးအနှုန်းများကို ခေါင်းစဉ်တပ်ကာ “အာရှတိုက် ရောဂါသည်အမှန် တရုတ်နိုင်ငံ”ဟူ၍ လည်းကောင်း၊ ကိုရိုနာဗိုင်းရပ်စ်အသစ်ကို  “ဝူဟန့် ဗိုင်းရပ်စ်”ဆိုသည့်စကားလုံးများဖြင့် လည်းကောင်း ရေးသားဖော်ပြ အပုပ်ချ ပုတ်ခတ်ခြင်း ပြုလုပ်ခဲ့သည်မှာ အံဩဖွယ်လုပ်ရပ်ပင်ဖြစ်သည်။  တရုတ်နိုင်ငံကို ရှောင်ကြဉ်အောင် မုန်းတီးအောင် အရောင်ဆိုး သွေးထိုးလှုံ့ဆော်နေခြင်းသည် တရုတ်နိုင်ငံ ပြည်သူများ၏ သည်းခံမှုအတိုင်းအတာကို စိန်ခေါ်နေခြင်းဖြစ်သလို အလွန်တရာအကျည်းတန်ညံ့ဖျင်းလှသည့် လုပ်ရပ်ပင်ဖြစ်သည်။ 

ရောဂါကာကွယ်တိုက်ဖျက်ရေးသည်  လက်ရှိ တရုတ်နိုင်ငံ ပြည်သူများ၏ ပထမအဓိက အရေးကြီးတာဝန်ဖြစ်သည်။ အရောင်ဆိုးအပုပ်ချသည့်လုပ်ရပ်များသည်  လူကျင့်ဝတ်နှင့် တရားမျှတမှုကို လျစ်လျူရှုနေသလို လူ့ယဉ်ကျေးမှုတွင်လည်း အောက်ခြေလိုင်းအထိ ရောက်ရှိနေပြီဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ A(H1N1) ရာသီတုပ်ကွေးရောဂါပိုးသည် နိုင်ငံနှင့်ဒေသပေါင်း ၂၁၄ ခု ထိ ပြန့်နှံ့ခဲ့ရာ တရုတ်နိုင်ငံက “အမေရိကန် ဗိုင်းရပ်စ်”ဟူ၍ အပုပ်ချသမုတ်ခဲ့ခြင်း မရှိပေ။ ပြီးခဲ့သောနှစ် အောက်တိုဘာ မှစ၍ အမေရိကန်တုပ်ကွေးရာသီတွင် အနည်းဆုံး လူပေါင်း ၁၉ သန်းရောဂါ ကူးစက်ခံခဲ့ရပြီး အနည်းဆုံး လူပေါင်း ၁ သောင်း အသက်ဆုံးရှုံးခဲ့ရသည်။ ထိုဖြစ်ရပ်ကို တရုတ်နိုင်ငံ မီဒီယာများက “အမေရိက ရောဂါသည် အမေရိကန် ” ဟူသော ရွံ့ရှာဖွယ် အကျည်းတန်းစကားဖြင့် အရောင်ဆိုးခဲ့ခြင်းမရှိပေ။ 

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေကြသည့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

COVID-19ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအစိုးရသည် နိုင်ငံ တကာအသိုက်အဝန်းသို့ သတ င်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မျှဝေမှုများ ပြုခဲ့သလို အခြားနိုင်ငံများသို့ ရောဂါပြန့်ပွားမှုမရှိစေရန် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို သူမတူအောင် တင်းကြပ်စွာ ဆောင်ရွက်ခဲ့သည်။ သို့သော် မာနထောင်လွှားအသိဉာဏ်မဲ့သည့် အမေရိကန် မီဒီယာအချို့က သတင်းမီဒီယာကျင့်ဝတ်ကို မျက်ကွယ်ပြုကာ လက်တွေ့အဖြစ်မှန်ကို ဖုံးကွယ်၍ တစ်စုံတစ်ဦးပုဂ္ဂိုလ်ရေးအရ အကျိုးမြတ်ရရန်အတွက်သာ အရောင်ဆိုးအပုပ်ချ ရေးသားဖော်ပြခဲ့ကြသည်။

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေကြသည့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေကြသည့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

 COVID-19တိုက်ဖျက်ရေး အားပေးစာတန်းများကို တရုတ်နိုင်ငံရှိ အဆောက်အဦများ၌ ရောင်စုံမီးများဖြင့် သရုပ်ဖော်ထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

COVID-19၏ လက်ရှိအခြေအနေအတွက် အားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကာ အခက်အခဲကို လက်တွဲဖြေရှင်းဖြတ်ကျော်ရမည်လား၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ရမည်လားဆိုသည်ကို ရွေးချယ်ရလျှင် မှန်ကန်တိကျသမာသမတ်ရှိသည့် သတင်းမီဒီယာများအနေဖြင့် လူ့ကျင့်ဝတ်ရှုထောင့်မှ ရပ်တည်ရွေးချယ်ကြမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။ ကပ်ဘေးရောဂါသည် နိုင်ငံဒေသမခြားဖြစ်ပေါ်တည်ရှိနိုင်ရာ လူသားမျိုးနွယ်အားလုံး၏ ဘုံရန်သူဟု ဆိုရပေမည်။ ရောဂါတိုက်ဖျက်ရေးကို နိုင်ငံအသီးသီးက လက်တွဲပူးပေါင်းဆောင်ရွက်မှသာ အောင်ပန်းကို ဆင်မြန်းနိုင်မည်ဖြစ်သလို ဘေးဘယဝေးကွာသည့် လူမှုအသိုက်အဝန်းအဖြစ် ရှင်သန်ရပ်တည်နိုင်မည်ဖြစ်ပေသည်။(Xinhua)