Connect with us

Politics, Law & Military

ကမ္ဘာ့နိုင်ငံရေးပါတီ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်တက်ရောက်မည်


ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ(CPC) နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသော နိုင်ငံရေးပါတီများ အကြား မကြာမီပြုလုပ်မည့် ဆွေးနွေးပွဲသို့တက်ရောက်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲကျင်းပရေးစီစဉ်သူများက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ကမ္ဘာ့နိုင်ငံရေးပါတီများဆွေးနွေးပွဲ ဖွင့်ပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ သမ္မတရှီက မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယအကြီးအကဲ Guo Yezhou ၏ ပြောကြားချက်အရ သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယအကြီးအကဲ Guo Yezhou ( အလယ်) က သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယအကြီးအကဲ Guo Yezhou ( အလယ်) က သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားနေစဉ်(ဆင်ဟွာ)

အဆိုပါ ဆွေးနွေးပွဲသို့ကမ္ဘာ့နိုင်ငံပေါင်း ၁၂ဝ ကျော်မှ နိုင်ငံရေးပါတီပေါင်း ၂ဝဝကျော် နှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ရန် စာရင်းပေးသွင်းထားကြောင်း ၊ ၎င်းဆွေးနွေးပွဲကို နိုဝင်ဘာလ ၃ဝ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ဆွေးနွေးပွဲအတွင်း တရုတ်ကွန်မြူနစ်ပါတီသည် အာဖရိက ၊ အလယ်အာရှ နှင့် အမေရိကန်နိုင်ငံမှ နိုင်ငံရေးပါတီများနှင့်လည်း အလှည့်ကျဆွေးနွေးပွဲများ ကျင်းပသွားရန် ရှိကြောင်း သိရသည်။(Xinhua)