Connect with us

Politics, Law & Military

တရုတ်နိုင်ငံက BRICS စီးပွားရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုများအတွက် ယွမ် သန်း၅၀၀ ရန်ပုံငွေထည့်ဝင်

တရုတ်နိုင်ငံ ရှမိန်မြို့တွင် စက်တင်ဘာ ၄ရက်က ပြုလုပ်သည့် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် BRICS နိုင်ငံများအကြား စီးပွားရေး နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှုများအတွက် တရုတ်ယွမ် သန်း၅၀၀ (အမေရိကန်ဒေါ်လာ ၇၆သန်းခန့်) ရန်ပုံငွေထည့်ဝင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၄ရက်က တရုတ်နိုင်ငံ ရှမိန်မြို့တွင် ပြုလုပ်သည့် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။

ထို့ပြင် ရှီက ပြည်သူအချင်းချင်းဖလှယ်မှု နှင့် ယဉ်ကျေးမှု ဖလှယ်မှုတို့သည် BRICS ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် သော့ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)