Connect with us

Politics, Law & Military

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ်-ဂျူဘီယာတို့ ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ်-ဂျူဘီယာ (Adel al-Jubeir) အား မြို့တော် ပေကျင်း၌ ဖေဖော်ဝါရီလ ၂၁ ရက်က လက်ခံတွ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဆော်ဒီနိုင်ငံအကြား နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု လျင်မြန်စွာ တိုးတက်လာခြင်းအား ဝမ်က ချီးကျူးခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နားလည်မှုနှင့် အပြန်အလှန် ထောက်ပံ့ပေးမှုများကိုလည်း အလေးထားပြောကြားခဲ့သည်။လက်ရှိအချိန်တွင် နိုင်ငံတကာ အခြေအနေက မတည်ငြိမ်မှုများဖြင့် ပြည့်နှက်နေကြောင်း၊ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေအပေါ် အပြုသဘောဆောင်သော အားထုတ်မှု ဖြည့်တင်းရေးနှင့် တည်ငြိမ်မှုရှိစေရေး အတူတကွ လုပ်ဆောင်ရန် ဝမ်က ဆိုသည်။သတင်းအပြည့်အစုံဖတ်ရှုရန် Link- http://www.xinhuanet.com/english/2019-02/21/c_137840480.htm

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117