Connect with us

Politics, Law & Military

သမ္မတရှီက ခေတ်သစ်တွင် တရုတ်နိုင်ငံက လုပ်ဆောင်ရမည့်အရာများကို လမ်းညွှန်ချက်ပေး

ဘိုးအောက်ဖိုရမ်၌ မိန့် ခွန်းပြောကြားနေသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဘိုးအောက် ၊ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ယနေ့ဧပြီလ ၁ဝ ရက်တွင် ခေတ်သစ်၌ တရုတ်နိုင်ငံက လုပ်ဆောင်ရန်လိုအပ်မည့် အရာများကို လမ်းညွှန်ချက်ပေးခဲ့ကြောင်း သိရသည်။

“ အသက်အရွယ် နဲ့မျိုးဆက် တစ်ခုချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင် စိန်ခေါ်မှုတွေနဲ့လုပ်ငန်းတာဝန်တွေ ရှိပါတယ်။ တရုတ်နိုင်ငံဟာ ကာလရှည် လျှောက်လှမ်းခဲ့ပြီးပါပြီ။ ဒါပေမယ့် ရှေ့ဆက်လမ်းမှာ စိန်ခေါ်မှုသစ်တွေ ကြုံတွေ့နေရဆဲပါပဲ” ဟု အာရှနှစ်ပတ်လည်ကွန်ဖရမ့်ဆိုင်ရာ ဘိုးအောက်ဖိုရမ်(Boao Forum) ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် သမ္မတရှီက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတရှီ၏ ခေတ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့် လုပ်ဆောင်ရမည် လမ်းညွှန်ချက်များမှာ

— ပြုပြင်ပြောင်းလဲရေးပြုလုပ်ခြင်းဖြင့် ကိုယ်တိုင် မြှင့်တင်မှု ဆက်လက်လုပ်ဆောင်သွားရန် ၊

— ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်၊တီထွင်ဆန်းသစ်မှုတွင် ခြေလှမ်းအဆင့်ဆင့် လုပ်ဆောင်သွားရန် ၊

— တံခါးဖွင့်ဝါဒကို ဆက်လက်လုပ်ဆောင်ရန် နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊

—ကမ္ဘာကြီး၏ ကျန်အစိတ်အပိုင်းနှင့် လက်တွဲ လုပ်ဆောင်သွားရန် နှင့် လူသားချင်းစာနာမှုတွင် ကြီးမားသော ပူးပေါင်းပါဝင်မှုကို ပြုလုပ်သွားရန် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.