Connect with us

Politics, Law & Military

တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် နှင့် ချက် သမ္မတ နိုင်ငံ သမ္မတ တွေ့ဆုံ ဆွေးနွေး


ပရာဂ့် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို အတွင်းရေးမှူး ဌာန အတွင်းရေးမှူး လျိုယွင်ဆန်း (Liu yunshan) က ဇူလိုင်လ ၁၈ ရက်နေ့၌ ချက် သမ္မတ နိုင်ငံ ပရာဂ့် မြို့ တွင် ချက်သမ္မတ နိုင်ငံ သမ္မတ Milos Zeman နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

လျိုယွင်ဆန်း က တွေ့ဆုံ ဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ချက်သမ္မတ နိုင်ငံ သမ္မတ တို့က အကြိမ်ကြိမ် တွေ့ဆုံမှု ရှိခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး မဟာဗျူဟာအရ သဘောတူညီမှု များစွာ ရရှိခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် လမ်းညွှန်ပေးနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ နိုင်ငံရေး ဦးဆောင်မှု နှင့် မဟာဗျူဟာ စီမံဆောင်ရွက်မှု အောက်တွင် တရုတ်-ချက်သမ္မတ နှစ်နိုင်ငံ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု သည် အဆက်မပြတ် တိုးတက်မှု ရရှိစေခဲ့ကြောင်း ၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု သည် တစ်နေ့တစ်ခြား တိုးချဲ့ နိုင်လာ ခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သည်လည်း တဟုန်တိုး ဖွံ့ဖြိုးတိုးတက်မှု ကို ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင် လျိုယွင်ဆန်း နှင့် ချက်သမ္မတ နိုင်ငံ သမ္မတ Milos Zeman တွေ့ဆုံစဉ်(ဆင်ဟွာ)

ထို့ပြင် လျိုယွင်ဆန်း က ချက်သမ္မတ နိုင်ငံ က “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက်ရေး နှင့် ယင်းမူဘောင်အောက်ရှိ “16+1 ပူးပေါင်းဆောင်ရွက်မှု” တို့တွင် ထောက်ခံပါဝင် ပေးသည့် အတွက် ဝမ်းမြောက်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ချက်သမ္မတ နိုင်ငံ အကြား ချုပ်ဆို ခဲ့သည့် “ခေတ်သစ်ပိုးလမ်းမကြီး” ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သည် တရုတ် နိုင်ငံ မှ ဥရောပ တိုက်ရှိ နိုင်ငံ များအတွင်း ပထမ ဦးဆုံး ချုပ် ဆိုခဲ့သည့် “ခေတ်သစ်ပိုးလမ်းမကြီး” ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ဖြစ်ကာ စံနမူနာ သဘောတက်ရောက်မှု ကို ရရှိစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ချက်သမ္မတ နိုင်ငံ နှင့် အတူတကွ လက်တွဲကာ ကြိုးပမ်းဆောင်ရွက်ခြင်း အားဖြင့် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ကို ပိုမို ပြည့်ဝ အောင် ဆောင်ရွက်သွား လိုကြောင်း ၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု များကို ထုတ်ဖော်ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှု တို့ကို ပိုမို ကျယ်ပြန့်ပြီး ကောင်းမွန်သည့် အနာဂတ် အလားအလာ ရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ချက်သမ္မတ နိုင်ငံ သမ္မတ Milos Zeman က တရုတ် နိုင်ငံ သမ္မတ ဖော်ဆောင်ခဲ့သည့် “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု သည် ရှေ့ဟောင်း ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များ ကို ဆက်သွယ်ချိတ်ဆက် ပေးပြီး အကျိုးဖြစ်ထွန်း စေမည့် မဟာ အတွေးအမြင် တစ်ခု ဖြစ်ကာ လူသား အားလုံး၏ အိပ်မက် တစ်ခု ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကို လွန်စွာ အလေးထားပြီး “ခေတ်သစ်ပိုးလမ်းမကြီး” မူဘောင်အောက်ရှိ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု များကို ဘက်စုံ ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း ၊ ချက်သမ္မတ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ဥရောပ နှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် လမ်းတံခါး ဖွင့်ပေးသူ အဖြစ် ဆောင်ရွက်ပေးလိုပြီး တရုတ် နိုင်ငံ နှင့် အတူတကွ ပိုမို များပြား သည့် ပူးပေါင်းဆောင်ရွက်မှု အတွက် အနာဂတ် မျိုးစေ့ များကို ချထား လိုကြောင်း ၊ တရုတ် နိုင်ငံ နှင့် အတူ ယင်းမျိုးစေ့ မှ ကြီးထွားခိုင်မာ သည့် သစ်ပင် ကြီး အထိ ရောက်ရှိအောင် ပြုစု ပျိုးထောင် သွားလို ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.