Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အာဆီယံအသင်း တည်ထောင်ခြင်း နှစ် ၅ဝ ပြည့်ကို ကြိုဆိုဂုဏ်ပြု

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ၌ကျင်းပသော အာဆီယံ နှစ် ၅ဝ ပြည့်အခမ်းအနားမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အာဆီယံ အသင်း တည်ထောင်ခြင်း နှစ် ၅ဝ ပြည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်အား ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးထံ သြဂုတ်လ ၈ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

“ အာဆီယံ တည်ထောင်ခြင်း နှစ် ၅ဝ ပြည့် အခါသမယမှာ တရုတ်နိုင်ငံအစိုးရ နဲ့တရုတ်ပြည်သူတွေရဲ့ ကိုယ်စား ကျနော့်အနေနဲ့ အာဆီယံခေါင်းဆောင်များ ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရအဖွဲ့ဝင်များ ၊ အာဆီယံနိုင်ငံများမှ ပြည်သူများနဲ့အတူ ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

အာဆီယံအသင်း တည်ထောင်ခဲ့သည့် ရာစုနှစ် တစ်ဝက် ကာလကတည်းက အာဆီယံသည် ဖွံ့ဖြိုးမှုကို ထိန်းသိမ်းပြီး ကိုယ်တိုင်လေ့လာသင်ယူခဲ့ကြောင်း ၊ ကိုယ်ပိုင်အသိုက်အဝန်းထဲသို့ဝင်ရောက်ရန် တည်ဆောက်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံသည် ဒေသတွင်း တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း နှင့် ကမ္ဘာ့ဖွံ့ဖြိုးမှုအတွက် အယူအဆအခြေအနေမျိုးစုံကို ကိုယ်စားပြုသည့် အင်အားစု ဖြစ်လာကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံ အသင်းကြီးအား ၎င်း၏ အသိုက်အဝန်းအတွင်း ကြီးမားသောအောင်မြင်မှုအသစ်ကို ဆောင်ကျဉ်းနိုင်ရန် ၊ ဒေသတွင်းငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် အကျိုးစီးပွားဖြစ်ပေါ်တိုးတက်ရေးအတွက် ပိုမိုပါဝင် မြှင့်တင်ဆောင်ရွက်နိုင်ရန် နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအတွက် အကျိုးရလဒ်များစွာ ယူဆောင်ပေးနိုင်ရန် ဆန္ဒပြုပါကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.