Connect with us

Politics, Law & Military

ကမ္ဘာ့အင်အားအကြီးဆုံး ပါတီကို တည်ဆောက်ရန် ကြိုးပမ်းနေသည့် CPC ပါတီ

၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားကွန်ဂရက် အခမ်းအနား၌ သမ္မတရှီကျင့်ဖိန် နှင့် ခေါင်းဆောင်များအား အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ်သည် တရုတ်နိုင်ငံအတွက် အခမ်းအနားများဖြစ် ပြည့်နှက်နေသည့် နှစ်တစ်နှစ်ဟု ဆိုရပေမည်။ လွန်ခဲ့သော ရက်သတ္တပတ်ကဆိုလျှင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပြီး မကြာမီမှာပင် တရုတ်ကွန်မြူနစ်ပါတီ(CPC)၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက် ကိုလည်း ကျင်းပတော့မည်ဖြစ်ရာ တရုတ်နိုင်ငံရေးပြက္ခဒိန်ပေါ်တွင် ဂုဏ်ပြုလှုပ်ရှားမှု အခမ်းအနားများဖြင့် ပြည့်နှက်၍နေသော ခုနှစ်ဟု ဆိုရပေမည်။

တရုတ်နိုင်ငံအပေါ် တစ်ကမ္ဘာလုံးက တစ်ကျော့ပြန် အာရုံစိုက်လာမှုများမှာ တရုတ်ကွန်မြူနစ်ပါတီ ပေါ်တွင် ဗဟိုပြု၍ အာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံကို နုပျိုသစ်လွင်သော နိုင်ငံတစ်ခုအဖြစ် ဦးဆောင်ဦးရွက်ပြုနေသလို CPC သည် ကမ္ဘာ့အင်အား အတောင့်တင်းခိုင်မာဆုံး ပါတီတစ်ခုဖြစ်ရန် ၎င်း၏ ကိုယ်ပိုင် ရည်မှန်းချက်များလည်း ရှိနေသည်။

အဆိုပါ ရည်မှန်းချက်သည် တရုတ်နိုင်ငံ၏ နိုင်ငံ့အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံ၏ လူဦးရေထူထပ်မှု နှင့် စီးပွားရေးချိန်ခွင်လျှာ မညီမျှမှု ဖိအားနှစ်ရပ်ကို ဖြေရှင်းနိုင်ရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် တောင့်တင်းခိုင်မာသည့် CPC ၏ ဦးဆောင်မှုအခန်းကဏ္ဍ လိုအပ်နေသည်။

၎င်းရည်မှန်းချက် ပန်းတိုင်တွင် နိုင်ငံတကာအသိုက်အဝန်းတွင် CPC ၏ တုံ့ပြန်မှု အပိုင်းများလည်း ပါဝင်သည်။ ရည်မှန်းချက်မြင့်မားသော မျိုးဆက်သစ် ပါတီအဖွဲ့ဝင်များ နှင့် CPC ၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ လူမှု ဖွံ့ဖြိုးတိုးတက်မှုကို ပါတီက နေရာအားလုံးတွင် ဆောင်ရွက်ပေးခဲ့ပြီး ကမ္ဘာ့လွှမ်းခြုံအုပ်ချုပ်မှု ဆောင်ရွက်ရန်လည်း တွန်းအားပေး ပါဝင်ဆောင်ရွက်ခဲ့သည်။

လွန်ခဲ့သော နှစ်များက CPC သည် ထိရောက်သော အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံ နှင့် ရာစုနှစ်တစ်ခုနီးပါး ကြွယ်ဝချမ်းသာလာမှုကို ဆက်လက် သယ်ဆောင်သွားရန် နှင့် စစ်ပွဲများ နှင့် တော်လှန်မှုများအကြား ဆက်လက်ရှင်သန်နိုင်ရန် တိကျသော ပါတီစည်းမျဉ်းစည်းကမ်းကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

သို့သော် ပါတီအနေဖြင့် ၎င်း၏ အောင်မြင်မှုများကို မည်သည့်အခါမျှ ရပ်တန့်ခဲ့ခြင်းမရှိပေ။ ပါတီကို အဓိကခြိမ်းခြောက်နေသည့် အကျင့်ပျက်ခြစားမှုကို ခေါင်းဆောင်မှုက လျင်လျင်မြန်မြန်သတိပေး ခဲ့ပြီးဖြစ်သည်။ CPC သည် ပြည်သူတို့အတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ဆောင်ကျဉ်းပေးရမှာဖြစ်သလို ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ဦးဆောင်သွားရမည်ဖြစ်သည်။

၁၈ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက် ကတည်းက နိုင်ငံအနှံ့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုအောက်တွင် အနည်းဆုံး အကြီးတန်းအစိုးရအရာရှိ ၂၄ဝ ကို ဆွဲထုတ်နိုင်ခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကောင်အထည်ဖောင်ဆောင်ရွက်မှုသည် CPC တရုတ်ကွန်မြူနစ်ပါတီအား ပြည်သူတို့ယုံကြည်ကိုးစားမှုကို ရရှိစေခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် Pew သုတေသန စင်တာမှ ပြုလုပ်ခဲ့သော စစ်တမ်းများအရ လာမည့် ၅ နှစ် အကျော်တွင် အဂတိလိုက်စားမှုသည် အားနည်းသွားလိမ့်မည်ဟု တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည့် ၆၄ ရာခိုင်နှုန်းက ယုံကြည်ကြောင်း ဖြေကြားခဲ့သည်။

အောက်ခြေပါတီဝင်များ နှင့် အဖွဲ့အစည်းများသည် ပါတီ ရှေ့ဆက်တိုးတက်ရေးအတွက် အသက်သမျှ အရေးပါသူများဖြစ်သည်။ CPC သည် အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံနှင့် ပိုမိုလှုပ်ရှားမှုကို ခွင့်ပြုပေးပြီး ပိုမိုကောင်းမွန်သော ပါတီယန္တယားကို တည်ဆောက်ရန် ဆောင်ရွက်နေသည်။ ထို့ကြောင့် ပါတီဝင် ၈၉ သန်း အတွက် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ရန် အခွင့်အလမ်းများ ရှိနေသည်။

ပြီးခဲ့သော နှစ်ပိုင်းက ပါတီ၏ ဆောင်ပုဒ်မှာ ပြည်သူများကို အလုပ်အကျွေးပြုရန် “ မှန်ကန်စွာ နေထိုင်ခြင်းဖြစ် ကျွနု်ပ်တို့ရည်မှန်းချက်ကို တည်ဆောက်မည်” ဟူ၍ ဖြစ်သည်။“ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့မစွမ်းဆောင်နိုင်ဘူးဆိုရင် ပြည်သူတွေရဲ့ထောင်ခံမှုကို ကျွန်တော်တို့မရနိုင်ပါဘူး” ဟူ၍ ၁၉၃၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည့် ခေါင်းဆောင်ကြီး မော်စီတုန်းက ပြောခဲ့ဖူးသည်။“ ပြည်သူတို့ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲဖြစ်ပါတယ်” ဟူ၍ ၂၀၁၂ ခုနှစ် CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး အဖြစ်ရွေးချယ်ခံရပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရှီကျင့်ဖိန် ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံကို အောင်မြင်မှုရအောင် စွမ်းဆောင်ပေးရန် ကွန်မြူနစ်ပါတီ CPC က ၎င်း၏ ကတိကဝတ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။ ၁၉၇၈ ခုနှစ်မှ စတင်ကာ ပြည်သူ သန်းပေါင်း ၇ဝဝ ကျော်ကို ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ လွန်ခဲ့သော ၄ နှစ်ကျော်က တရုတ်နိုင်ငံ၌ ပြည်သူ ၅၅ သန်းကျော်သည် ကျိုးကြောင်းဆီလျော်သည့် လူနေမှုဘဝကို ရရှိပိုင်ဆိုင်ခဲ့ကြသည်။

ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေး အကျိုးအမြတ်များကို ပြည်သူတို့အား မျှဝေပေးခဲ့သည်။ဂရိဒဏ္ဍာရီလာ လူသန်ကြီး Antaeus သည် ကမ္ဘာမြေကြီးမှ စွမ်းအားများကို စုပ်ယူနိုင်ကြောင်း အဆိုရှိခဲ့သည်။ အလားတူပင် တရုတ်ကွန်မြူတစ်ပါတီ CPC သည် ပြည်သူများ နှင့် နီးကပ်စွာ နေထိုင်ရင်း ၎င်း၏ ခွန်အားများမှာ မည်သည့်အခါမျှ ကွယ်ပျောက်သွားမည်မဟုတ်ပေ။

သမိုင်းတစ်လျှောက် CPC သည် ပုံသေစိတ်ကူးများ နှင့် အာဃာတမှုများစွာကြောင့် သိက္ခာချခံရခြင်း နှင့် မှားယွင်းကြောင်း ဖော်ထုတ်ခံရခြင်းများရှိခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံသည် ၎င်း၏ ပြန်လည် ရှင်သန် နိုးထမှုအတွက် အရေးကြီးဆုံး အချက်ကို ၎င်းတို့ကိုယ်တိုင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ရာ CPC အနေဖြင့် ဂုဏ်သိက္ခာရှိစွာ မည်သို့မည်ပုံ ဆက်လက်ချီတက်သွားမည်ကို ကမ္ဘာက စောင့်ကြည့်လျက် ရှိနေပါတော့သည်။ (Xinhua)