Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ ၉,၄၁၉ ဦးရှိ

တရုတ်နိုင်ငံ ဝူဟန့်ဆေးရုံရှိ ကိုရိုနာဗိုင်းရပ် ကုသရေးအဆောင်တစ်ခုတွင် ဆေးဝန်ထမ်းနှစ်ဦး လက်ချောင်းချင်းကပ်၍ အသဲပုံသဏ္ဍာန် ဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၅ ရက် နှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၉,၄၁၉ ဦးရှိလာကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရောဂါသက်သာလာ၍ တရုတ်နိုင်ငံ ဝူဟန့်ယာယီဆေးရုံမှဆင်းခွင့်ရသော ကိုရိုနာဗိုင်းရပ်စ်လူနာများအား တွေ့ရစဉ်(ဆင်ဟွာ)

ရောဂါသက်သာလာ၍ တရုတ်နိုင်ငံ ဝူဟန့်ယာယီဆေးရုံမှဆင်းခွင့်ရသော ကိုရိုနာဗိုင်းရပ်စ်လူနာများအား တွေ့ရစဉ်(ဆင်ဟွာ)

ရောဂါသက်လာသဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆေးရုံဆင်းခွင့်ရသူ အရေအတွက်မှာ ၁,၃၂၃ ဦးရှိကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာအရ သိရသည်။တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းအထိ စုစုပေါင်း သေဆုံးသူ ၁,၆၆၅ ဦးရှိပြီး ရောဂါကူးစက်ခံရသူ ၆၈,၅၀၀ ဦးရှိကြောင်း ပြည်နယ်ဒေသ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှု နှင့် တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။(Xinhua)  

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117