Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှု ၁၀ ရာခိုင်နှုန်းသို့ လျှော့ချ

တရုတ်နိုင်ငံ၏ ပထမ အကြိမ် စေလွှတ်သည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ရင်း တောင်ဆူဒန်မြို့တော် သို့ရောက်ရှိ (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို ယခုနှစ်အတွက် ၁၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ တိုးမြှင့်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ လွှတ်တော် ( ပြည်သူ့ ကွန်ဂရက်) နှစ်ပတ်လည် အစည်းအဝေး ပြောရေးဆိုခွင့် ရှိသူက မတ်လ (၄) ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဤအစည်းဝေးတွင် တင်သွင်းမည့် ဘဏ္ဍာရေး အစီရင်ခံစာ၌ ကိန်းဂဏန်းအတိအကျများ ထွက်ရှိလာမည် ဖြစ်ကြောင်း (၁၂) ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယ အစည်းအဝေး ပြောရေးဆိုခွင့် ရှိသူ ဖုရင် (Fu Ying) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို ၁၂.၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး ယခုနှစ် အတွက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခြင်းသည် ငါးနှစ်အတွင်း အနည်းဆုံး တိုးမြှင့်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကဲ့သို့ ကြီးမားသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် အမျိုးသား လုံခြုံရေးနှင့် ပြည်သူများ အတွက် ကာကွယ်ပေးနိုင်သည့် စစ်တပ် လိုအပ်ကြောင်း Fu ကပြောသည်။

“ အမှန်အတိုင်း ပြောရင် နိုင်ငံတကာ စစ်တပ်များနှင့် ယှဉ်ရင် စစ်အသုံးပစ္စည်း တွေမှာ ခုချိန်အထိ ကွာဟချက်တွေ ရှိနေသေးပါတယ်။ ကျွန်မတို့ အချိန်ယူဖို့ အများကြီး လိုနေပါသေးတယ်” ဟု Fu က ဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံ၏ အမျိုးသား ကာကွယ်ရေးနှင့် တပ်မတော် အတွက် ခေတ်နှင့် လျော်ညီစေရန် အထောက်အပံ့များ လိုအပ်ကြောင်းလဲ ထပ်လောင်း ပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံ၏ ကာကွယ်ရေး ပေါ်လစီသည် ကာကွယ်ရေး ဘက်မှာ ခုခံ နိုင်စွမ်း ရှိသော ပေါ်လစီ ဖြစ်ပါသည်” ဟုသူမက ထပ်မံ ပြော ကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.