Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ကာကွယ်ရေး မဟာဗျူဟာနှင့် ပတ်သက်သော အဖြူရောင် စာတမ်း ပထမဆုံး အကြိမ် ထုတ်ပြန်

တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ယိကျွင်း (Yang Yujun) မှ ကာကွယ်ရေး မဟာဗျူဟာ အဖြူရောင် စာတမ်း နှင့်ပက်သတ်၍ သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၆ ရက် (ဆင်ဟွာ)

ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံ၏ ကာကွယ်ရေး မဟာဗျူဟာနှင့် ပတ်သက်သော အဖြူရောင် စာတမ်းကို မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။

၎င်းစာတမ်းတွင် တရုတ်နိုင်ငံ အနေဖြင့် “ တက်ကြွသော နိုင်ငံတော် ကာကွယ်ရေး ” ပေါ်လစီ ကိုင်တွယ် ကျင့်သုံး၍ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ပူးပေါင်းမှု ဆောင်ရွက်သွားမည်ဟု ပါရှိပါသည်။
နိုင်ငံတော် ကောင်စီ ပြန်ကြားရေးဌာနမှ ထုတ်ပြန်သော ၎င်းစာတမ်းတွင် တရုတ် နိုင်ငံ၏ ကာကွယ်ရေး မဟာဗျူဟာ နှင့် နည်းဗျူဟာများ ပါဝင်ပါသည်။

စာလုံးရေ ၉,၀၀၀ နီးပါး ရှိသည့် စာတမ်းတွင် ကာကွယ်ရေးဆိုင်ရာ မူများ ၊ မိမိကိုယ်ကို ကာကွယ်ခြင်းဆိုင်ရာ မူများ နှင့် တုံ့ပြန် တိုက်ခိုက်ခြင်း ဆိုင်ရာမူများ စသည် တို့ကို ဖော်ပြ ထားသည်။
အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အပေါ် အထူး အလေးထားကြောင်း ဖော်ပြထားသည်။
၎င်း စာတမ်းတွင် အဓိက အပိုင်း ၆ ပိုင်း ပါဝင်ပါသည်။

၁။ နိုင်ငံတော် လုံခြုံရေး အခြေအနေ
၂။ တပ်မတော် တာဝန်နှင့် မဟာဗျူဟာ တာဝန်
၃။ တက်ကြွသည့် ကာကွယ်ရေး ဆိုင်ရာ မဟာဗျူဟာ ပေါ်လစီ
၄။ စစ်ဘက်အင်အား ထူထောင်ရေး
၅။ စစ်ဘက်ရေးရာ ပြင်ဆင်ရေး
၆။ စစ်ဘက်ရေးရာနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တို့ ပါဝင်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.