Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် နှင့် ဂရိနိုင်ငံ ဝန်ကြီးချုပ်ဟောင်း တို့တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဂရိနိုင်ငံ ဝန်ကြီးချုပ်(ဟောင်း) Antonis Samaras တို့ ဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ဂရိနိုင်ငံဝန်ကြီးချုပ်(ဟောင်း) Antonis Samaras တို့သည် ဇူလိုင်လ ၂၆ ရက်တွင် ပေကျင်းမြို့၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂရိနိုင်ငံ Piraeus ဆိပ်ကမ်း၌ တရုတ်-ဂရိနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးများ နှင့် ပူးပေါင်းဆောင်ရွက်ရေးများကို တွန်းအားပေးဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် ဂရိဝန်ကြီးချုပ်ဟောင်း Samaras အား တရုတ်ဝန်ကြီးချုပ် လီက ချီးကျူးစကားဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်အပြန်အလှန် Win-Win ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ဂရိနိုင်ငံနှင့် နက်ရှိုင်းသော နိုင်ငံရေး နှစ်ဖက်အပြန်အလှန်ယုံကြည်မှု ၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ယုံကြည်မှုကို တွန်းအားပေးရေးတို့ကို အနီးကပ် လုပ်ဆောင်သွားရန် အသင့်ရှိပါကြောင်း လီကပြောကြားခဲ့သည်။

ရှုပ်ထွေးသောနိုင်ငံတကာအခြေအနေကိုကြုံတွေ့နေရချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ဂရိနိုင်ငံအပါဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး အကျိုးအမြတ်မျှဝေခံစားခြင်း နှင့် Win-Win တိုးတက်စေခြင်း ၊ ချိန်ခွင်လျှာညီမျှသည့်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်အောင် တွန်းအားပေးခြင်း ၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ဖြေလျှော့ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရန် ဂရိနိုင်ငံအတွင်း နယ်ပယ်မျိုးစုံ၌ ယေဘုယျသဘောတူညီချက်ရရှိပြီးဖြစ်ကြောင်း Samaras က ဆိုသည်။

Win-Win ရလဒ်များ ပိုမိုထွက်ပေါ်လာစေရန်အတွက် ကဏ္ဍအားလုံးတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံစလုံးက တိုးမြှင့်ဆောင်ရွက်သွားရန် ၎င်းက မျှော်လင့်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.