Connect with us

Politics, Law & Military

နှစ် ၉ဝ ပြည့် အခါသမယရောက်ရှိလာတော့မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) မှ ထိပ်တန်းစစ်ခေါင်းဆောင်များအား လိုက်လံ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wu Qian က မကြာမီကျရောက်လာတော့မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နှစ် ၉ဝ ပြည့်အခါသမယနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ သမိုင်းကြောင်းအရ လွန်ခဲ့သော နှစ်ပေါင်း ၉ဝ အတွင်း ၎င်းတို့၏ စွမ်းဆောင်ရည်၊ အမျိုးသားအချုပ်အခြာအာဏာထိန်းသိမ်းရေး နှင့် ပိုင်နက်နယ်မြေစိုးမိုးရေးတွင် တုန်လှုပ်ခြင်းမရှိသော သန္နိဌာန်ချမှတ်ထားကြောင်း Wu က ရှင်းလင်းပြောကြားခဲ့သည်။

“ PLA တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ကိုင်လှုပ်ဖို့ထက် တောင်တစ်လုံးကို ကိုင်လှုပ်ရတာက ပိုပြီး လွယ်ကူမှာပါ” ဟူ ဝူက ဆိုသည်။ အဆိုပါ စကားလုံးသည် အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ကူးစက်ပြန့်နှံ့သွားခဲ့သည်။

လာမည့် သြဂုတ်လ ၁ ရက်နေ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို စတင် သန္ဓေတည်ခဲ့သော မွေးနေ့အခါသမယဖြစ်ပြီး ၊ PLA အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် နှင့် တောင့်တင်းခိုင်မာသော စစ်တပ်တစ်ခု တည်ဆောက်ရန်မှာ တရုတ်နိုင်ငံ၏ အပြောင်းအလဲမရှိသော စကားလုံးများဖြစ်သည်။ စစ်တပ်ပြုပြင်ပြောင်းလဲမှု ၊ ဥပဒေကိုအခြေခံသော အုပ်ချုပ်မှု နှင့် နိုင်ငံတကာပြုပြင်ပြောင်းလဲမှု စသည့်အချက်များသည် တရုတ်လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ၎င်းတို့၏ ကြီးမားသော နေ့စွဲအတွက် ဆန္ဒပြင်းပြစွာ ကျင့်သုံးသွားရန် အသင့်အနေအထား ရောက်ရှိနေပြီဖြစ်သည်။

စစ်တပ်ပြုပြင်ပြောင်းလဲရေးကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်မည်

“ လတ်တလော စစ်တပ်ပြုပြင်ပြောင်းလဲရေးရဲ့ အဓိက ရည်မှန်းချက်ဟာ စစ်ပွဲနဲ့တိုက်ခိုက်မှုစွမ်းရည်တွေအတွက် PLA ရဲ့ အဆင်သင့်ရှိမှုကို တိုးမြှင့်ထားဖို့ပဲ ဖြစ်ပါတယ် ” ဟု ဗဟိုစစ်ကော်မရှင်(CMC) လက်အောက်ခံ ပူးတွဲစစ်ဦးစီးချုပ်ဌာနမှ အဆင့်မြင့်အရာရှိ Zhou Shangping က ပြောကြားခဲ့သည်။

PLA အနေဖြင့် ရည်မှန်းချက်ကို ရောက်ရှိပိုင်ဆိုင်ရန် စစ်တပ်တည်ဆောက်ပုံကို အဆင့်မြှင့်တင်ခြင်း ၊ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ခြင်း နှင့် အမိန့်နာခံမှု ဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်ခြင်းဖြစ် လုပ်ဆောင်နေကြောင်း Zhou က ဆက်လက်ပြောကြားခဲ့သည်။

၂ဝ၁၂ ခုနှစ် နှောင်းပိုင်း၌ တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၈ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ညီလာခံကျင်းပခဲ့စဉ်ကတည်းက ချမှတ်ခဲ့သော တောင့်တင်းခိုင်မာသည့် စစ်တပ်တည်ဆောက်ရေး ရည်မှန်းချက်အရ နိုင်ငံတော်အနေဖြင့် စစ်မြေပြင်တိုက်ခိုက်ရေးစွမ်းရည်ကို အကောင်းမွန်ဆုံးဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် PLA သည် ၂ဝ၁၆ ခုနှစ်တွင် CMC နှင့် စစ်ဆင်ရေးဌာန နှစ်ခုစလုံးပါဝင်သော ပူးတွဲစစ်ဆင်ရေးဌာန ၂ ခုကို ဖွင့်လှစ်ခဲ့ပြီး စစ်မြေပြင်ကွပ်ကဲမှု နှင့် အလုံးစုံမဟာဗျူဟာတည်ငြိမ်ရေးကို ထိန်းသိမ်းရန် အလွန်းအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်ဟု Zhou က ဆိုသည်။

“ မည်သည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုမျိုးကို မဆို ရင်ဆိုင်ဖို့ကျနော်တို့မှာ ပြီးပြည့်စုံတဲ့ စွမ်းရည်ရှိပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ၊ လုံခြုံရေး နှင့် အကျိုးစီးပွားတွေကို ခိုင်မာစွာ ကာကွယ်သွားမှာပါ” ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

ဥပဒေကို လိုက်နာသော စစ်တပ်

လက်ရှိဆောင်ရွက်နေသည့် စစ်တပ်ပြုပြင်ပြောင်းလဲရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် PLA သည် လွန်ခဲ့သော ငါးနှစ်အတွင်း တရုတ်လူမျိုးတို့၏အမူအကျင့်နှင့်ကိုက်ညီသော စစ်တပ်တရားစီရင်ရေးစနစ်တစ်ခုကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု CMC ၏ ဥပဒေရေးရာဗျူရို ဒုတိယညွှန်ကြားရေးမှူး Lu Yu က ပြောကြားခဲ့သည်။

PLA အုပ်ချုပ်ရေးယန္တယားကို ယခင်က အမိန့်စေခိုင်းမှု ၊ ဓလေ့ထုံးစံ ၊ အတွေ့အကြုံများ နှင့် လှုပ်ရှားမှုများ စသည့်အချက်များမှ တရားဥပဒေစိုးမိုးရေးကို လိုက်နာဆောင်ရွက်သည့် စစ်တပ်ဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့ပြီဖြစ်ကြောင်း Lu က ဆိုသည်။

စစ်တပ်အတွင်း အဂတိလိုက်စားမှုကို ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ သတင်းသမားများ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် Lu က PLA အနေဖြင့် ဥပဒေကြောင်းအရ ခိုင်မာစွာဆောင်ရွက်ခဲ့ကြောင်း နှင့် ဥပဒေချိုးဖောက်မှုများကို မကြာသေးခင်နှစ်များက အင်အားပြည့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များက PLA အရာရှိများအား ယခင် အကျင့်ပျက်လာဘ်စားမှုဖြင့် အရေးယူခံရသော CMC ဒုဥက္ကဋ္ဌများဖြစ်သည့် Guo Boxiong နှင့် Xu Caihou တို့၏ လွှမ်းမိုးမှုကို ရှင်းလင်းဖယ်ရှားသွားရန် ပြောကြားခဲ့ပြီး အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဆောင်ရွက်သွားရန် နှင့် နိုင်ငံရေးစည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို စောင့်ထိန်းသွားရန် ပြောကြားခဲ့သည်။

တာဝန်အရ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု

PLA အနေဖြင့် စစ်ဘက်သံခင်းတမန်ခင်းဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်သွားရန် ရည်မှန်းဆောင်ရွက်ခဲ့ပြီဖြစ်သလို အနာဂတ်တွင်လည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း Wu က ဆိုသည်။

အလုံးစုံခြုံ၍ ပြောရမည်ဆိုပါက တောင့်တင်းခိုင်မာသောစစ်တပ်တည်ဆောက်ရေး ရည်မှန်းချက်ကို တွန်းအားပေးရန်အတွက် PLA သည် လွန်ခဲ့သော နှစ်များအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများ ၊ အိမ်နီးချင်းနိုင်ငံများ နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့်အတူ စစ်ဘက်ဆက်ဆံရေးများကို နက်ရှိုင်းစွာ တည်ဆောက်ခဲ့သည်။

ကမ္ဘာ့အုပ်ချုပ်ရေးယန္တယားတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရန် ကြိုးပမ်းနေပြီး ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ ကြီးမားစွာ ပါဝင်စေရန် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို PLA က တွန်းအားပေးဆောင်ရွက်နေသည်ဟု Wu က ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ၊ ပင်လယ်ဓားပြတိုက်ခိုက်ရေး ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး နှင့် သဘာဝဘေးအန္တရာယ် ကူညီဆောင်ရွက်ရေး စသည့် နိုင်ငံတကာ တာဝန်ဝတ္တရားများတွင် PLA ၏ ပူးပေါင်းပါဝင်မှုကို ရည်ညွှန်း၍ “ တရုတ်နိုင်ငံရဲ့ စစ်တပ်ဟာ သူတို့ရဲ့ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်” ဟု Wu က ဆိုသည်။

“ ဒါဟာPLA က လက်ခံထားတဲ့ အဓိက အင်အားကြီး လက်နက်ကိုင်စစ်တပ်တစ်ခုရဲ့ တာဝန်ယူမှုတာဝန်ခံမှု ပြယုဒ်ပါပဲ ” ဟု ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117