Connect with us

Politics, Law & Military

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ တရုတ်-ဂျပန် ချစ်ကြည်ရေး တွေဆုံပွဲကြီး တွင် မိန့်ခွန်း ပြောကြား

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ တရုတ်-ဂျပန် ချစ်ကြည်ရေး တွေဆုံပွဲကြီး တွင် မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ မေလ ၂၃ ရက်နေ့က ပေကျင်း မြို့ ပြည်သူ့ခန်းမကြီး တွင် ပြုလုပ်သည့် တရုတ်-ဂျပန် ချစ်ကြည်ရေး တွေဆုံပွဲကြီး ကို တက်ရောက် ခဲ့ပြီး မိန့်ခွန်း ပြောကြား ခဲ့သည်။ ရှီကျင့်ဖိန် မှ တရုတ်-ဂျပန် နှစ်နိုင်ငံ အနေဖြင့် သမိုင်းပေး သင်ခန်းစာ ကို ရယူပြီး အနာဂတ် ကို ဦးတည် ဆောင်ရွက် သွား ရမည့် စိတ်ဓာတ် ထားရှိရမည် ဖြစ်ကြောင်း ၊ တရုတ်-ဂျပန် နိုင်ငံ ရေး စာချုပ် (၄)ခု ပေါ် အခြေခံ ၍ နှစ်နိုင်ငံ အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် မှ တရုတ်-ဂျပန် နှစ်နိုင်ငံ သည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ အပြန်အလှန် ပေါင်းသင်း ဆက်ဆံ ခဲ့ပြီး ဖွံ့ဖြိုး တိုးတက်ရေး ကို ဆောင်ရွက် ခဲ့ကြောင်း ၊ ဂျပန် နိုင်ငံ သည် နယ်ချဲ့ ဝါဒ ကို ဆောင်ရွက် ခဲ့ သောကြောင့် တရုတ်-ဂျပန် နှစ်နိုင်ငံ အတွက် ဝမ်းနည်း ဖွယ်ရာ သမိုင်း ကျန်ရစ် စေခဲ့ကြောင်း ၊ တရုတ် လူမျိုး အတွက် လည်း အလွန် ဒုက္ခ ရောက်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင် များမှ နိုင်ငံရေး အမျှော်အမြင် ကြီးမား စွာ ဖြင့် အရေးကြီးသော နိုင်ငံရေး ဆုံးဖြတ်ချက်များ ပြုလုပ်ပြီး နှစ်နိုင်ငံ ချစ်ကြည် ငြိမ်းချမ်းရေး သဘောတူညီမှု များ ပြုလုပ် ခဲ့ကြကြောင်း ၊ အချိန်ကာလ ၏ သက်သေပြမှု အရ နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံမှု သည် နှစ်နိုင်ငံ အပြင် အာရှ နှင့် ကမ္ဘာ အတွက် ပါ အကျိုး ရှိကြောင်း ၊ သဘောထား မှန်ကန်စွာ ဆက်ဆံ ပါက တရုတ်-ဂျပန် နှစ်နိုင်ငံ သည် ခောတ် အဆက်ဆက် အိမ်းနီးချင်း ပေါင်းသင်း ဆက်ဆံရေး ရရှိသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် မှ ယခုနှစ် သည် တရုတ်ပြည်သူ များ၏ ဂျပန် ဖက်ဆစ် တော်လှန်ရေး နှင့် ကမ္ဘာ ဖက်ဆစ် တော်လှန်ရေး အောင်ပွဲ နှစ်(၇၀) ပြည့်နှစ် ဖြစ်ကြောင်း ၊ ဂျပန် နိုင်ငံ ၏ နယ်ချဲ့ ဝါဒ ဖြင့် ကျူးလွန် ခဲ့သော အပြစ်သည် ဖုံးကွယ် ၍ မရကြောင်း ၊ စစ်မှန် သော သမိုင်း သည် လိမ်ညာ ၍ မရကြောင်း ၊ မည်သည့် ဂျပန် နယ်ချဲ့ သမိုင်းကြောင်း အမှန်ကို ပြောင်းလဲ စေချင်သည့် အပြောအဆို နှင့် အပြုအမှု တို့ကို တရုတ်ပြည်သူ နှင့် အာရှ ဒေသ မှ ဒုက္ခ ခံစား ခဲ့ရသည့် နိုင်ငံ များက လက်ခံ နိုင်မည် မဟုတ် ကြောင်း ၊ ဂျပန် နိုင်ငံ မှ မှန်ကန်သော စိတ်ဓာတ် ရှိ သော သူ များ လည်း လက်မခံ မည် ကို ယုံ ကြည် ကြောင်း ၊ ဂျပန် နိုင်ငံ ပြည်သူ များသည် လည်း ထိုစစ်ပွဲ ၏ ဒုက္ခ များကို ခံစား ခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် နှစ်နိုင်ငံ ပြည်သူ လူထု နှင့် ကဏ္ဍ ပေါင်းစုံ ချစ်ကြည် ဆက်ဆံရေး ကို အားပေးကြောင်း ပြောကြား ခဲ့သည်။

ဂျပန် Liberal Democractice ပါတီ ၏ အထွေထွေကောင် စီ ဥက္ကဌ Toshihiro Nikai မှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ မိန့်ခွန်း သည် အလွန် အရေးပါ ကြောင်း ၊ ယခု အကြိမ် လည်ပတ်ရေး ခရီးစဉ် တွင် တရုတ် နိုင်ငံ အစိုးရ ၏ အားပေး ထောက်ခံမှု အပေါ် ကျေးဇူး တင်ကြောင်း ၊ ဂျပန်-တရုတ် ဆက်ဆံရေး တိုးမြှင့် နိုင်ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု အကြိမ် ချစ်ကြည်ရေး တွေ့ဆုံပွဲကြီး သည် တရုတ်-ဂျပန် ဆက်ဆံရေး အတွက် ကြီးမား သော အစီအစဉ် တစ်ခု ဖြစ်သည်။ ဂျပန် နိုင်ငံ နိုင်ငံရေး ၊ စီးပွားရေး ၊ ခရီးသွား လုပ်ငန် နှင့် အနုပညာ စသည့် ကဏ္ဍ အသီးသီး မှ လူပေါင်း ၃၀၀၀ ကျော် တက်ရောက် ခဲ့ကြသည် ။ တရုတ်-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး အတွက် “တရုတ်-ဂျပန် ချစ်ကြည်ရေး တွေဆုံပွဲကြီး ဦးတည်ချက်” ကို နှစ်နိုင်ငံ ကိုယ်စားလယ် များ က ထုတ်ပြန် ခဲ့ကြသည်။ (ဆင်ဟွာ)