Connect with us

Politics, Law & Military

တောင်တရုတ် ပင်လယ် လူလုပ်ကျွန်း အနီး ချဉ်းကပ်လာသည့် အမေရိကန် လေယာဉ်ကို တရုတ် တပ်ဖွဲ့က မောင်းထုတ်

တောင်တရုတ် ပင်လယ် ရှိ တရုတ် နိုင်ငံ ပိုင် နန်ရှာ ကျွန်းစု မြင်ကွင်းပုံ (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ မေ ၂၃ (ဆင်ဟွာ)

အမေရိကန် စစ်ဘက်ဆိုင်ရာ ဂျက်လေယာဉ် တစ်စင်း တရုတ် ပြည်ပိုင် တောင်တရုတ်ပင်လယ် အတွင်းရှိ လူလုပ်ကျွန်း တည်ဆောက်နေသော နေရာ အနီး ချဉ်းကပ်လာမှု မှ ထွက်ခွာသွားရန် တရုတ် တပ်ဖွဲ့များက တောင်ဆိုခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လိန် က အတည်ပြု ပြောကြား လိုက်သည်။

“တရုတ် တပ်ဖွဲ့ဝင် တွေက အမေရိကန် သူလျှိုလေယဉ်ကို ဥပဒေ နှင့် အညီ ထွက်ခွာပေးဖို့ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်”ဟု ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လိန် က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားလိုက်သည်။ အမေရိကန် ထောက်လှမ်းရေး လေယာဉ် P-8A သည် တရုတ် နန်ရှာ ကျွန်းစု အနီးကမ်းလွန်တွင် ဗုဒ္ဓဟူးနေ့က ဖြတ်သန်းသွားပြီး နောက် ဟုန် ၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန် ကင်းထောက် လေယာဉ် ချဉ်းကပ်မှုသည် တရုတ် နိုင်ငံ၏ ရေပိုင်နက်ကို ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ကြောင်း ၊ အလွန် အန္တရာယ် များ သည့် လုပ်ရပ် တစ်ခု ဖြစ်ပြီး လွှဲမှားသည့် ဆုံးဖြတ်ချက် ဖြစ်ပွား နိုင်ကြောင်း ၊ ဒေသ တည်ငြိမ် အေးချမ်းမှု ကို ထိခိုက်စေသည့် အလွန် တာဝန်မဲ့သည့် လုပ်ဆောင် ချက်တစ်ရပ် ဖြစ်ကြောင်း ဟုန်က ပြောကြားခဲ့သည်။

ဟုန်လိန် မှ ယင်းကဲ့သို့ ပြုမှု ဆောင်ရွက်ခြင်းကို တရုတ် နိုင်ငံက အပြင်းအထန် ရှုတ်ချပါကြောင်း ၊ အမေရိကန် အနေဖြင့် နိုင်ငံတကာ ဥပဒေ နှင့် သက်ဆိုင်ရာ နိုင်ငံ တကာ စည်းကမ်း များကို လိုက်နာ ရမည် ဖြစ်ကြောင်း ၊ အန္တရာယ် များသည့် အပြုအမှု များကို မပြုလုပ်ရန် ပြောကြားခဲ့သည်။ (ဆင်ဟွာ)