Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီ  က တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု သည် အစဉ်အမြဲ အပြန်အလှန် အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ပြောကြား

အမေရိကန် နိုင်ငံ အလံ (ဘယ်) နှင့် တရုတ် နိုင်ငံ အလံ (ညာ) တို့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ  က သြဂုတ် ၇ ရက် ၌ “သမိုင်းဖြစ်စဉ် ကို လေးစား၍ အနာဂတ် ကို ဦးတည်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှု ရရှိစေရန် ခိုင်မြဲစွာ ထိန်းသိမ်းသွားရမည်” ဟူသည့် ခေါင်းစဉ် ဖြင့် ဆောင်းပါး တစ်ပုဒ် ထုတ်ဝေ ခဲ့သည်။

ဆောင်းပါး တွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု သည် အစဉ်အမြဲ အပြန်အလှန် အကျိုးဖြစ်ထွန်းစေခဲ့ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်ပေါင်း ၄၁ နှစ် အတွင်း နှစ်နိုင်ငံ နှင့် ကမ္ဘာ့ နိုင်ငံ အသီးသီး တို့ တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မှ အကျိုး ဖြစ်ထွန်းမှု ကို ခံစား ခဲ့ရကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ဆောင်းပါး တွင် တရုတ် နိုင်ငံ ၌ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ဝါဒ ဆောင်ရွက်ချိန် မှ စ၍ တရုတ် နိုင်ငံ က လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပြီး  အမေရိကန် နိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံ အသီးသီး အတွက် အဆက်မပြတ် တိုးတက်စေသည့် အားအင် နှင့် အရေးပါသည့် အခွင့် အလမ်း ကို ထောက်ပံ့ပေးခဲ့ကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြည်သူလူထု အပြန်အလှန် ဆက်သွယ်သွားလာ ခဲ့ပြီး ကောင်းမွန်သည့် ပြည်နယ်များ အကြား ဆက်ဆံရေး ကို ထူထောင် နိုင်ခဲ့ကြောင်း ၊ သဘာဝဘေး ကာကွယ်လျှော့ချရေး နှင့် COVID-19 ရောဂါ တိုက်ဖျက်ရေး တို့တွင် အပြန်အလှန် ကူညီ ခဲ့ကြကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် ကမ္ဘာ့ နိုင်ငံ အသီးသီး နှင့် အတူတကွ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ “9-11” အကြမ်းဖက် တိုက်ခိုက်မှု ၊ ၁၉၉၇ ခုနှစ် အာရှငွေကြေး အခက်အခဲ နှင့် ၂၀၀၈ ခုနှစ် နိုင်ငံတကာ ငွေကြေး အခက်အခဲ ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ “ပဲရစ် သဘောတူညီချက်” စသည့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ တွင် ထိရောက်အောင်မြင် သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေး သည် ယခင်ချိန် က ကြီးမားသည့် လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း နှစ်နိုင်ငံ အနေဖြင့် အငြင်းပွားမှု ကို ထိန်းချုပ်နိုင်ခဲ့ကာ ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များအား ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အလုံးစုံ အားဖြင့် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်း နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။  (Xinhua)