Connect with us

Politics, Law & Military

တရုတ်နိုင်ငံထိပ်တန်းဥပဒေပြုအဖွဲ့ အမြဲတမ်းကော်မတီအစည်းအဝေး စတင်ကျင်းပ

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်အန်းမင်ရင်ပြင်တွင် တရုတ်နိုင်ငံတော်အလံလွှင့်ထူထားသည်ကို မေ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

အမျိုးမျိုးသော ဥပဒေကြမ်းများကို ပြန်လည်သုံးသပ်ရန် နှင့် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖြည့်စွက်မှုပြုလုပ်ရန် တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုအဖွဲ့ ၊ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီ၏ ၂၁ ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ် ၈ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီကျန်ဆူး(Li Zhanshu) က အစည်းအဝေး ၏ ပထမ မျက်နှာစုံညီအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ပြီး ယင်း အစည်းအဝေးသို့ NPC အမြဲတမ်းကော်မတီအဖွဲ့ဝင် စုစုပေါင်း ၁၆၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဥပဒေပြု ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တင်သွင်းလာသော မြို့ပြထိန်းသိမ်းရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွန် နှင့် ပိုင်ဆိုင်မှုအပေါ် အခွန်စည်းကြပ်မှုဆိုင်ရာ ဥပဒေကြမ်းများကို ဆွေးနွေးခဲ့ကြသည်။ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) ဖွဲ့စည်းပုံ နှင့် ဥပဒေဆိုင်ရာ ကော်မတီက  အစည်းအဝေးတွင် ဥပဒေကြမ်းနှစ်ခုကို လေ့လာသုံးသပ်ခဲ့ပြီး အတည်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ဥပဒေပြုကိုယ်စားလှယ်များက လူငယ်များ ပြစ်မှုကျူးလွန်ခြင်းမှ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြင်ဆင်ဖြည့်စွက်သုံးသပ်ရန်  ကြားနာမှုတစ်ခုပြုလုပ်ခဲ့သည်။ ဥပဒေပြုကိုယ်စားလှယ်များသည် တိရစ္ဆာန်ကပ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေအတွက် ဥပဒေကြမ်းလေ့လာသုံးသပ်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး ယင်းဥပဒေကြမ်းသည် အနာဂတ်တွင် သားငါး တိရစ္ဆာန်ရောင်းဝယ်ဖောက်ကားရေး ဈေးကွက်အပေါ် စည်းမျဉ်းစည်းကမ်းတင်းကြပ်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်ပြန်လည် ဖတ်ရှုရန်အတွက် ဥပဒေပြုအဖွဲ့သို့ ပြန်လည်ပေးပို့လာသော မူပိုင်ခွင့်ဥပဒေ ပြင်ဆင်ချက်မူကြမ်းကိုလည်း ဆွေးနွေးခဲ့ပြီး ယင်းဥပဒေကြမ်းသည် အထူးသဖြင့် မူပိုင်ခွင့် ဆိုင်ရာ လုပ်ငန်းများ နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင်ဥပဒေပြုကိုယ်စားလှယ်များသည် အမျိုးသားပြည်သူ့ကွန်ဂရက် Organic ဥပဒေ နှင့် NPC လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ  အပါအဝင် နိုင်ငံတော်အလံ နှင့် နိုင်ငံတော် တံဆိပ် အမှတ်သားဆိုင်ရာ ပြင်ဆင်မှု ဥပဒေကြမ်းများလည်း ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံတော်ကောင်စီက ယင်း အစည်းအဝေးသို့ ဥပဒေတစ်ခုပေးပို့တင်သွင်းခဲ့ပြီး ယင်းဥပဒေသည် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ဆက်လက်ဆောင်ရွက်ရေး ၆ ကြိမ်မြောက် ဥပဒေပြုကောင်စီက ဆုံးဖြတ်မှုတစ်ခုပြုလုပ်ရန် NPC အမြဲတမ်းကောင်မတီအား မေးမြန်းခဲ့ကြောင်း သိရသည်။ ဥပဒေပြုကိုယ်စားလှယ်များက ယင်းဥပဒေ၏ အသေးစိတ် ရှင်းလင်းချက်များကို ကြားနာမှု ပြုလုပ်ခဲ့သည်။

နိုင်ငံတော်ကောင်စီက မဟာပင်လယ်အော်ဒေသ အဓိက ပြည်မကြီး မြို့ကိုးမြို့ တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကိုလည်း  အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ယင်းအစီအစဉ်ထဲတွင် ဟောင်ကောင် ရှေ့နေများ နှင့် မကာအိုရှေ့နေများအနေဖြင့် တရုတ်နိုင်ငံ ပြည်မကြီးမှ ဥပဒေဆိုင်ရာလက်တွေ့ အရည်အချင်းပြည့်မီရေး လိုအပ်ချက် ဆောင်ရွက်ရန် နှင့် ယင်းမြို့များတွင် လက်တွေ့ကျင့်သုံးဆောင်ရွက်ရန်လည်း ပါဝင်ကြောင်း သိရသည်။

 အစည်းအဝေးတွင် အမျိုးသားစီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ဆိုင်ရာ အစီရင်ခံစာတစ်စောင် နှင့် ယခုနှစ် ဘက်ဂျက်အတွက် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ အစီရင်ခံစာတစ်စောင်အပါအဝင် အခြားသော စာရွက်စာတမ်းများကိုလည်း ဥပဒေပြုကိုယ်စားလှယ်များထံ တင်ပြခဲ့ကြောင်း သိရသည်။(Xinhua)