Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က နှစ်နိုင်ငံ နိုင်ငံကြီး ဆက်ဆံရေး ပုံစံ တည်ဆောက်ရန် ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် အမေရိကန် နိုင်ငံ သမ္မတ ဘားရက်အိုဘားမား (ယာ) တို့ အား စက်တင်ဘာလ ၂၅ ရက်က ဝါရှင်တန်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ် ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာလ ၃၀ ရက်တွင် ပြင်သစ် နိုင်ငံ ပဲရစ် မြို့၌ အမေရိကန် နိုင်ငံ သမ္မတ ဘားရက် အိုဘားမား ( Barack Obama ) နှင့် တွေဆုံ ခဲ့ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် နိုင်ငံကြီး ပုံစံ ဖြင့် ခိုင်ခိုင်မြဲမြဲ တည်ဆောက် ဆက်ဆံ သွားရန်ကို ဆွေနွေး ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ လက်ရှိချိန်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် နိုင်ငံ ကြီးဆက်ဆံရေး ပုံစံ သို့ရောက်ရှိရန် အတွက် ဦးတည်ချက် မှန်ကန်စွာ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ သဘောထား ကွဲလွဲမှု များနှင့် အပြန်အလှန် ဆန့်ကျင်မှု များကို မဆောင်ရွက်သင့်ကြောင်း ၊ အပြန်အလှန် လေးစားမှု ထားရှိကာ အတူတကွ အောင်မြင်မည့် ပူးပေါင်းဆောင်ရွက်မှု များကို ဆောင်ရွက်သွားရန်လိုအပ် ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ကာ ယခု အကြိမ် ကျင်းပမည့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အစည်းအဝေး၏ ရည်မှန်းချက် ကိုလည်း ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း ၊ ထို့ပြင် ထိခိုက်လွယ်သော ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း နှစ်နိုင်ငံ အနေဖြင့် အတူတကွ တည်ငြိမ် အေးချမ်းစွာ ဖြေရှင်းသွား လိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ နှင့် အမေရိကန် နိုင်ငံ သမ္မတ တို့သည် ပြင်သစ် နိုင်ငံ သို့ ရောက်ရှိကာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဖိုရမ်ကို တက်ရောက် ခဲ့ကြခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက် မနက်ပိုင်းတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ သမ္မတတို့ တွေ့ဆုံ ခဲ့ကြပြီး နှစ်နိုင်ငံ ဘက်စုံ ဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေး တိုင်ပင်မှု များပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117