Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန်နိုင်ငံ စီယက်တယ်မြို့သို့ ရောက်ရှိ စဉ်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြား


စီယက်တယ် ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား၏ ဖိတ်ကြားမှုအရ အမေရိကန်နိုင်ငံ သို့ ပထမဆုံး တရားဝင် ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ် (State Visit) အဖြစ် အင်္ဂါနေ့တွင် ရောက်ရှိခဲ့သည်။

ပိုင်းဖီးလ် လေဆိပ် အရောက်တွင် သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့အား အမေရိကန် သမ္မတ ဘားရတ် အိုဘားမား ကိုယ်စား ဝါရှင်တန်မြို့ အုပ်ချုပ်ရေးမှူး Jay Inslee နှင့် ဇနီး ၊ စီယက်တယ် မြို့တော်ဝန် Ed Murray နှင့် ဒေသခံ တရုတ် အသိုင်းအဝိုင်းများမှ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်။

သမ္မတရှီကျင့်ဖိန် သည် (၃) ကြိမ်မြောက် တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ် ကို တက်ရောက်မည် ဖြစ်ပြီး ကျောင်းသားများ၊ ဆရာများနှင့်ပါ တွေ့ဆုံမည် ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ စီယက်တယ်မြို့သို့ ရောက်ရှိ စဉ် (ဆင်ဟွာ)

ညနေပိုင်းတွင် Westin Seattle Hotel တွင် ကျင်းပသော သမ္မတရှီအား ကြိုဆို နှုတ်ဆက်ပွဲ အခမ်းအနား၌ သမ္မတရှီမှ ယခု ခရီးစဉ်နှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြားရာတွင် တရုတ်နိုင်ငံ၏ စိတ်ကူးအိပ်မက် (Chinese Dream) တရုတ် ပြည်သူများ၏ အိမ်မက်ဖြစ်ပြီး ပိုမို ကောင်းမွန်သော အနာဂတ် ကို ပိုင်ဆိုင်လိုသည့် သူများ၏ စိတ်ကူး အိမ်မက်နှင့် အတူတူပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သည် စတော့ ဈေးကွက် ကို ပြန်လည် ကောင်းမွန်လာအောင် ကြိုးစားနိုင်ခဲ့ပြီး ဈေးကွက် အတက်အကျအား ကိုယ်တိုင်ထိန်း ညှိနိုင်ခဲ့ကြောင်း၊ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် ( Asian Infrastructure Investment Bank (AIIB) ) ၏ ရည်ရွယ်ချက် သည်ဘုံ ဖွံ့ဖြိုးမှု အတွက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပူးပေါင်း၍ ဆိုက်ဘာ မှုခင်းများကို တိုက်ဖျက်ရန် အမေရိကန် အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးရန် အဆင်သင့်ရှိ ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီသည် နှစ်နိုင်ငံပြည်သူများ၏ နက်ရှိုင်းသော ရင်းနှီး ချစ်ကြည်မှုကို ပိုမို ခိုင်မာစေရန်နှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုချဲ့ထွင်ပြီး တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံအကြား ပိုမို တိုးတက် ကောင်းမွန်သော နိုင်ငံကြီး အချင်းချင်း ဆက်ဆံရေး ပုံစံသစ်ကို တည်ဆောက်ရန် အတွက် ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ စီယက်တယ် မြို့ခရီးစဉ်အတွင်း အမေရိကန် စီးပွားရေး လုပ်ငန်းကြီးများ ဖြစ်သော ဘိုးရင်း လေကြောင်း ကုမ္ပဏီနှင့် မိုက်ခရိုဆော့ ကုမ္ပဏီများသို့ သွားရောက် လေ့လာရန် ရှိပါသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက် အတွင်း အမေရိကန်နိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် လည်ပတ်မည် ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ဖိတ်ကြားမှုအရ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်အတွင်း အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ခရီးစဉ်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့နှင့် အတူ တရုတ် နိုင်ငံ တော် ဗဟို နိုင်ငံရေး ဗျူရို အဖွဲ့ဝင် ၊ ဗဟို နိုင်ငံရေး သုတေသန ဌာနမှူး ဝမ်ဟုနင်း ၊ တရုတ် နိုင်ငံ တော် ဗဟို နိုင်ငံရေး ဗျူရို အဖွဲ့ဝင် ၊ တရုတ် နိုင်ငံတော် ဗဟို အလုပ်ရုံး ဌာနမှူး လိကျမ့်ဆူး ၊ တရုတ် နိုင်ငံ တော် ကောင်စီဝင် ယန်ကျဲ့ချီ တို့ အတူတကွ လိုက်ပါ သွားခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.