Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံ ၏ နျူကလီးယား စမ်းသပ်မှု ပြန်လည်လုပ်ဆောင်ရန်ပြောဆိုမှုအပေါ် တရုတ် နိုင်ငံ က အလေးထား စောင့်ကြည့်နေကြောင်း ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန)

ပေကျင်း ၊ မေ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံက နျူကလီးယား စမ်းသပ်မှု ပြန်လည် လုပ်ဆောင်ရန် ယခု ရက်ပိုင်း အတွင်း ပြောဆိုမှုအပေါ် တရုတ် နိုင်ငံက အလေးထား စောင့်ကြည့်နေပြီး အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ့မဟာဗျူဟာ တည်ငြိမ်မှု အား မဖျက်ဆီး ရန် တိုက်တွန်းလိုကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က မေ ၂၅ ရက် ၌ ပြောကြား ခဲ့သည်။ 

ကျောက်လိကျန်း က “နျူကလီးယား စမ်းသပ်မှု ဘက်စုံ ကန့်သတ်ခြင်း သဘောတူညီချက်” သည် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ နျူကလီးယား ကန့်သတ်ချက် ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ ယင်းသဘောတူညီချက်သည် စတင် အသက်မဝင်သေးသော်လည်း နျူကလီးယား စမ်းသပ်မှု ကန့်သတ်ခြင်းအတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း ဖြစ်ခဲ့ပြီး ဖြစ်ကြောင်း ၊ သဘောတူညီချက် အရ နျူကလီးယား လက်နက်လျှော့ချခြင်း ၊ နျူကလီးယား လက်နက် မပြန့်ပွား အောင် တားဆီးခြင်း တို့ကို တွန်းအားပေးဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အား ထိန်းသိမ်းပေးရန် အတွက် လွန်စွာ အရေးပါကြောင်း ၊ အမေရိကန် နိုင်ငံ အပါအဝင် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံ ၅ နိုင်ငံ တို့က လက်မှတ်ရေးထိုးပြီး ဖြစ်ကာ နျူကလီးယား စမ်းသပ်မှု အား ရပ်တန့်ရန် ကတိပြု ခဲ့ကြောင်း ၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အမေရိကန် နိုင်ငံ က နျူကလီးယား စမ်းသပ်မှု အများဆုံး ပြုလုပ် ခဲ့သည့် နိုင်ငံ လည်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ မိမိ ၏ လိုက်နာရမည့် တာဝန်များကို ထမ်းဆောင်ပြီး မိမိ ၏ ကတိကဝတ်ကို လိုက်နာသွားရန် တိုက်တွန်းလိုကြောင်း ၊ သဘောတူညီချက် ၏ ဦးတည်ချက် နှင့် ရည်မှန်းချက် ကို ထိန်းသိမ်းသွားပြီး နိုင်ငံတကာ နျူကလီးယား လက်နက် လျှော့ချရေး နှင့် မပြန့်ပွားရေး အတွက် အထောက်အကူ ဖြစ်စေသည့် ဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)