Connect with us

Politics, Law & Military

(B&R Forum) ကမ္ဘာ့တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် တရုတ် နှင့် ရုရှား နိုင်ငံတို့သည် ကျောက်စိုင်ကျောက်သားကဲ့သို့အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သမ္မတရှီ ပြော

ခေတ်သစ်ပိုးလမ်းမ နှီးနှောဖလှယ်ပွဲတွင် အဖွင့်မိန်းခွန်းပြောကြားနေသော တရုတ်သမ္မတရှီ အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ၊ ဒေသတွင်းလုံခြုံရေးတို့တွင် တရုတ် နှင့် ရုရှား နှစ်နိုင်ငံတို့သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း မေလ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၌ မေလ ၁၄ ရက်တွင် စတင်ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမ နှီးနှောဖလှယ်ပွဲတွင် တက်ရောက်လာသော ခေါင်းဆောင်များ အမှတ်တရဓာတ်ပုံစုပေါင်းရိုက်ကူးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ မေလ ၁၄ ရက်တွင် စတင်ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ် နှင့် ရုရှား နှစ်နိုင်ငံအနေဖြင့် ဆီးရီးယားပဋိပက္ခ နှင့် ကိုရီးယားကျွန်းဆွယ်အရေးတို့တွင် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာကြရန် ကတိကဝတ်ပြုထားကြပြီး ကမ္ဘာ့တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေး ၊ ဒေသတွင်းလုံခြုံရေးအတွက် တရုတ် နှင့် ရုရှားနှစ်နိုင်ငံ တို့သည် “ ကျောက်စိုင်ကျောက်သား” ကဲ့သို့အလွန်အရေးပါသော အခန်းကဏ္ဍတွင် ရှိနေကြောင်း မေလ ၁၄ ရက် မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီးနှီးနှောဖလှယ်ပွဲသို့တက်ရောက်ရန် ရောက်ရှိနေသော ရုရှားသမ္မတဗလာတီမာပူတင် နှင့်တွေ့ဆုံစဉ် တရုတ်သမ္မတရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117