Connect with us

Politics, Law & Military

ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ၏ အစီရင်ခံစာ တွင် COVID-19 ရောဂါကို ပထမ ဦးဆုံးသော ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အဖြစ် ထုတ်ပြန်

၂၀၁၉ ခုနှစ် တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘိုးအောက်ဖိုရမ် နှစ်ပတ်လည် အစည်းအဝေး မြင်ကွင်း (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ၏ ဇွန်လ ၂ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည့် “ကပ်ရောဂါ နှင့် ပြောင်းလဲနေသော ကမ္ဘာ” သုတေသန အစီရင်ခံစာ တွင် COVID-19 ရောဂါ သည် အမှန်တကယ် ပထမ ဦးဆုံးသော ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ခဲ့ပြီး လူသား သမိုင်းတစ်လျှောက် တွင် ပထမ ဦးဆုံးသော ကပ်ရောဂါ ထိန်းချုပ်ရန် အတွက် ကမ္ဘာ့စီးပွားရေး အား ရပ်ဆိုင်းခဲ့ရခြင်း နှင့် ကပ်ရောဂါ နှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ပုံစံ ဖြစ်ခဲ့ရကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာကို ဘိုးအောက်ဖိုရမ်၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဖိုရမ် ဒုတိယ အကြိမ်မြောက် ကြိုတင်ပြင်ဆင်ခြင်း ဆိုင်ရာ အွန်လိုင်း အစည်းအဝေး တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ပြီး ဘိုးအောက်ဖိုရမ် ၏ ကပ်ရောဂါ နှင့် ပတ်သက်သည့် သုတေသန ရလာဒ် များကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။ အစီရင်ခံစာ တွင် ကပ်ရောဂါ စတင် ဖြစ်ပွားချိန် မှ စ၍ နိုင်ငံတကာ ရှိ နိုင်ငံရေး နှင့် စီးပွားရေး နယ်ပယ်ရှိ လူပုဂ္ဂိုလ် များ၏ သဘောထား အမြင်အား စုစည်းခဲ့ခြင်း ဖြစ်ပြီး ကပ်ရောဂါ နိုင်ငံတကာ သို့ ပြန့်ပွားပုံ ကို ပြန်လည်သုံးသပ်ကာ နိုင်ငံအသီးသီး ၏ ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းပုံ နှင့် ပတ်သက်၍ သုံးသပ်မှုများ ဆောင်ရွက်ခဲ့သည်။

အစီရင်ခံစာ တွင် COVID-19 ရောဂါ သည် မတ်လ တွင် ကမ္ဘာ့ နိုင်ငံပေါင်း ၂၁၀ အား သက်ရောက်မှု ဖြစ်ပွား စေခဲ့ပြီး လူပေါင်း ၇ ဘီလီယံ အား ထိခိုက်စေခဲ့ကြောင်း နောက်ဆုံးချိန် တွင် ကူးစက်ခံရသူ ဦးရေ မှာ လက်ရှိ သိရှိထားပြီ ဖြစ်သည့် ကပ်ရောဂါ အားလုံးထက် များပြား မည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးပြီး နိုင်ငံများ အပါအဝင် ကပ်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားသည့် နိုင်ငံ များ အနေဖြင့် ကာလတစ်လျှောက် မဖြစ်ပွား ခဲ့ဖူးသော ဆေးဘက်ဆိုင်ရာ စနစ် ပြိုလဲမှု ဖြစ်ပွားစေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာ့ နိုင်ငံအသီးသီး က အတိုင်းအတာ မတူညီသည့် ကပ်ရောဂါ အခြေအနေ နှင့် ရင်ဆိုင်နေရပြီး ကပ်ရောဂါအား စစ်ဆေးမှု တွင် အာရှ နိုင်ငံ များက ထူးချွန်သူများ ဖြစ်ခဲ့ကြပြီး တရုတ် နိုင်ငံ ၏ ဆောင်ရွက်မှု က အကောင်းဆုံး ဖြစ်ကြောင်း ၊ တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ က ကပ်ရောဂါ ဖြစ်ပွား ချိန်တွင် အပြန်အလှန် ကူညီထောက်ခံ ခဲ့ကြပြီး ကမ္ဘာ့အခြား နိုင်ငံများ အတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် စံနမူနာ ဖြစ်စေခဲ့ပြီး စိန်ခေါ်မှုအား ရင်ဆိုင်သည့် နမူနာ ဖြစ်စေ ခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

ဘိုးအောက်ဖိုရမ် အတွင်းရေးမှူးချုပ် လီပေါင်တုန်း က ကပ်ရောဂါ သည် လွန်စွာရှင်းလင်းစွာ ကမ္ဘာ့နိုင်ငံ အသီးသီး အား သတိပေးနေပြီး လူသားများ အားလုံး က ကမ္ဘာ့ရွာ အတွင်း နေထိုင်နေပြီး ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်စေခဲ့ကြောင်း ၊ ကမ္ဘာပေါ် တွင် မည်သည့် နိုင်ငံ မှ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု နှင့် ကြုံတွေ့ရချိန်တွင် သီးသန့်ခွဲခြားနေ၍ မရနိုင်ကြောင်း ၊ ဘိုးအောက်ဖိုရမ် အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ ဆောင်ရွက်သွားပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ဆောင်ရွက် မှသာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု ကို ရင်ဆိုင်နိုင်မည် ဟုယုံကြည် ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အစီရင်ခံစာ တွင် ကပ်ရောဂါ က ကမ္ဘာ့ စီးပွားရေး ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တိုးအား ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး နိုင်ငံတကာ စည်းစနစ် နှင့် လူသားအသိုင်းအဝိုင်း ပုံစံ အား ပိုမို လျှင်မြန်စွာ ပြောင်းလဲမှု ဖြစ်စေမည် ဖြစ်ကြောင်း ပါဝင် သည်။

ဘိုးအောက်ဖိုရမ် ဥက္ကဋ္ဌ ဘန်ကီမွန် က အစည်းအဝေး တွင် ကပ်ရောဂါ ဖြစ်ပွား ခြင်း နှင့် အခြေအနေ ရှုပ်ထွေးခြင်း တို့ သည် ကမ္ဘာ့ကျန်းမာရေး ဖိုရမ် ကျင်းပ သင့်ပုံ ကို ပေါ်လွင်စေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် စည်းလုံးညီညွတ်မှု ကို ဖော်ပြရမည် ဖြစ်ပြီး သဘောထား ကွဲလွဲရမည့် အချိန် မဟုတ်ကြောင်း ၊ သိပ္ပံနည်းပညာ အား လေးစားရမည့် အချိန် ဖြစ်ပြီး နိုင်ငံရေး ဆောင်ရွက်ရမည့် အချိန် ကာလ မဟုတ်ကြောင်း ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အနေဖြင့် ဆက်လက်၍ ဦးဆောင်မှု ပြုလုပ် သွားပြီး ကမ္ဘာ့ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ဦးစီး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး ဖိုရမ် က ဘိုးအောက်ဖိုရမ် ထူထောင်ထားသည့် နိုင်ငံတကာ ကျန်းမာရေး နှင့် ကြံ့ခိုင်ရေး ဆိုင်ရာ အရေးပါသည့် ပလတ်ဖောင်း တစ်ခု ဖြစ်ပကြောင်း ၊ ပထမ အကြိမ် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် ဇွန်လ တွင် ချင်းတောင် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ဒုတိယ အကြိမ် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ တွင် ချင်းတောင် တွင် ထပ်မံကျင်းပ သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.