Connect with us

Politics, Law & Military

ရုရှားနိုင်ငံသမ္မတပူတင်က အနာဂတ်တွင် အမေရိကန်သံတမန် ဖြတ်တောက်မှုဖြင့် တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်

ရှမိန်မြို့ ၌ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ရှမိန် ၊ တရုတ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး တင်းမာနေသည့် အခိုက်အတန့်အတွင်း ရုရှားနိုင်ငံ၌ အနာဂတ်တွင် အမေရိကန်သံတမန် အရေအတွက်ကို ဖြတ်တောက်ပစ်မည်ဟု စက်တင်ဘာလ ၅ ရက်တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။

“စကားကို တိတိကျကျပြောရမယ်ဆိုရင် ရုရှားသံတမန် ၄၅၅ ယောက် မရှိဘူး။ ၁၅၅ ယောက် လျော့နေတယ်။ ဒါကြောင့် မော်စကိုမှာ ရှိတဲ့ အမေရိကန်သံတမန်အရေအတွက်ကိုလည်း ဆတူဖြစ်အောင် ဖြတ်တောက်ပစ်ဖို့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ကျနော်တို့ချမှတ်သွားဖို့လိုတယ်” ဟု တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ရှမိန်မြို့၌ ကျင်းပနေသည့် BRICS ထိပ်သီးအစည်းအဝေးအပြီး သတင်းသမားများနှင့်တွေ့ဆုံစဉ် ပူတင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒါပေမယ့် မလုပ်ရသေးပါဘူး။ အနာဂတ်မှာ အခြေအနေတွေ ဘယ်လိုတိုးတက်လာမလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပူတင်၏ ပြောကြားချက်အရ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် သွားရောက်လုပ်ကိုင်နေသော ရုရှားဝန်ထမ်း ၁၅၅ ဦးအပါအဝင် အမေရိကန်နိုင်ငံသို့ရောက်ရှိနေသော ရုရှားသံတမန် ၄၅၅ ဦးရှိကြောင်း နှင့် ၎င်းပမာဏကို အမေရိကန်နိုင်ငံသို့ရောက်ရှိနေသော ရုရှားသံတမန် များအဖြစ် မရေတွက်သင့်ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံး နှင့် ကုန်သွယ်ရေးဌာနကို အမေရိကန်အာဏာပိုင်များက စက်တင်ဘာလ ၂ ရက်တွင် ပိတ်ပစ်ခဲ့သည်။ ရုရှား ကိုယ်စားလှယ်များကိုလည်း နယူးယောက်မြို့တွင် ကုန်သွယ်ရေး လုပ်ကိုင်ခွင့်ကိုလည်း အမေရိကန်အစိုးရက ငြင်းပယ်ခဲ့သည်။

ပြီးခဲ့သော စက်တင်ဘာလ ၁ ရက်က ရုရှားနိုင်ငံရှိ အမေရိကန်သံတမန် ၇၅၅ ဦးကို ၄၅၅ ဦးထိ လျှော့ချရန် ရုရှားအစိုးရက အမိန့်ထုတ်ပြန်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ဘက်ကလည်း ယခုကဲ့သို ရုရှားသံတမန်အရေအတွက် လျှော့ချစေခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စရပ်အပေါ် ရုရှားအစိုးရက အမေရိကန်အစိုးရအား ရုရှားသံတမန်များကို အမေရိကန်နိုင်ငံထဲတွင် ချက်ခြင်း ပြန်လည် ခွင့်ပြုပေးရန် တောင်းဆိုခဲ့သည်။ “ သံတမန်တွေရဲ့ အခွင့်အရေးဖြစ်တဲ့ သံတမန်အရေအတွက် မည်မျှထိ ထားနိုင်ခွင့်ကို အမေရိကန်က လျှော့ချခဲ့တာပါ။ အခြားတစ်ခုကတော့ ဒါဟာ သိပ်ကိုဆိုးဝါးတဲ့အပြုအမူပါပဲ။ အမေရိကန်ရဲ့ အဲဒီလုပ်ရပ်ဟာ ကြည့်လို့သိပ်မကောင်းပါဘူး ” ဟူ၍ ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117