ဆန်တီယာဂို၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန် နီဟုန်က ချီလီအစိုးရ၏ ဖိတ်ကြားချက်အရ ဗယ်လ်ပါရိုင်ဆိုမြို့တွင် မတ် ၁၁ ရက်၌ ကျင်းပသော ချီလီနိုင်ငံသမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးလည်းဖြစ်သူ နီက ချီလီသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် နှစ်ဖက်ဆွေးနွေးမှုများအရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် မတ် ၁၄ ရက်မှ ၁၇ ရက်အထိ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ပြင်သစ်နိုင်ငံသို့ သွားရောက်၍ အမေရိကန်ဘက်နှင့် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးညှိနှိုင်းမှုများ...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံ Provence-Alpes-Cote d’Azur ဒေသ နိုင်ငံတကာကျောင်း တရုတ်စာသင်တန်း ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ ထံသို့ မကြာမီရက်ပိုင်းက ပြန်စာပေးပို့ခဲ့ပြီး ၎င်းတို့နှင့်တကွ ကျောင်းတစ်ကျောင်းလုံးရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသရှိ လက်ရှိပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် စစ်ဆင်ရေးများ အမြန်ဆုံးရပ်တန့်ရန်နှင့် အခြေအနေ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ရန်အတွက် ဘက်အသီးသီးက အင်တိုက်အားတိုက် တိုက်တွန်းကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၂ ရက်၌ တိုက်တွန်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ...
တောင်တရုတ်ပင်လယ်၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် ပင်လယ်ရေကြောင်း အခွင့်အလမ်းများ၊ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) ရေယာဉ် ဆန်းတူး က ကင်းလှည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua) …………………………………….. (English Version) China Coast Guard...
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်ပတ်သက်သူများအပါအဝင် အီရန်အရေးနှင့် ဆက်စပ်သည့် ဘက်အသီးသီးနှင့် ဆက်ဆံရေး ဆက်လက်ခိုင်မာအောင် လုပ်ဆောင်မည်ဖြစ်ကာ တင်းမာမှုများ လျှော့ချရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံတွင် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်ရန် အဓိကသော့ချက်မှာ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ခြင်းဖြစ်ကြောင်း၊ ပင်လယ်ကွေ့နိုင်ငံများအပေါ် တိုက်ခိုက်မှုများကို တရုတ်နိုင်ငံအနေဖြင့် မထောက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၀ ရက်၌ ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး Abdullatif bin Rashid Al Zayani နှင့် မတ် ၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ Abdullatif bin Rashid Al...
ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး Jarrah Jaber Al-Ahmad Al-Sabah တို့သည် မတ် ၉ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ဆက်သွယ်ရာတွင် Jarrah Jaber Al-Ahmad Al-Sabah...
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တပ်မတော်အတွင်း နိုင်ငံရေး သစ္စာစောင့်သိမှု မြှင့်တင်ခြင်း၏ တစ်မူထူးခြားသော အားအင်များကို အပြည့်အဝ အသုံးချရေးအတွက် အလေးထားမှာကြားခဲ့ကာ နိုင်ငံကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ခေတ်မီအသွင်ပြောင်းမှုကို တည်တည်ငြိမ်ငြိမ်နှင့် စဉ်ဆက်မပြတ် ဆက်လက်ဖော်ဆောင်ရေးအတွက် စုပေါင်းကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။