Connect with us

Science & Technology

တရုတ်နိုင်ငံက တည်ဆောက်နေသော အာကာသစခန်း ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် မျှော်လင့်

အာကာသထဲ ရောက်ရှိနေသော တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် ဂြိုဟ်တုများအားတွေ့ရစဉ်(ဆင်ဟွာ)

ကွမ်းကျိုး ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာကာသစခန်းတစ်ခုကို အလုံးစုံပြီးမြောက်အောင် တည်ဆောက်နေပြီး လာမည့် ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်အသုံးပြုနိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ်၏ ပုံစံထုတ်လုပ်မှုရေးမှူးချုပ် Zhou Jianping က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းတုံးပြည်နယ်၌ပြုလုပ်သည့် ညီလာခံတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ အာကာသစခန်းကို အလေးချိန်တန် ၁၀၀ နှင့် အာကာသယာဉ်မှူး ၃ ဉီး နေထိုင်နိုင်အောင် ပုံစံထုတ်လုပ်ထားကြောင်း ၊ အကယ်၍ လိုအပ်ပါက အရွယ်အစားကို ချဲ့ထွင်နိုင်အောင်လည်း စီစဉ်ထားကြောင်း Zhou က ဆိုသည်။“ အာကာသစခန်းတည်ဆောက်ရခြင်းရဲ့ အဓိက ရည်မှန်းချက်ဟာ တရုတ်နိုင်ငံကို ကမာ္ဘမြေအနီး အာကာသထဲမှာ လူသားတွေ ကာလရှည်နေထိုင်ဖို့အတွက် နည်းပညာဆိုင်ရာ အမှီခိုကင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ ပဲ ဖြစ်ပါတယ်။ ပြီးတော့ ကမာ္ဘမြေအနီးအာကာသထဲမှာ လူလိုက်ပါတဲ့ သိပ္ပံဆိုင်ရာ လေ့လာစမ်းသပ်မှုတွေကို ကာလရှည်လုပ်ဆောင်နိုင်ဖို့ ၊ အာကာသနည်းပညာနယ်ပယ်မှာ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အရေးကြီးသော အာကာသ အရင်းအမြစ်တွေ ရယူဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ဆွန်ယက်ဆင်တက္ကသိုလ်၌ နိုဝင်ဘာ ၁၆-၁၇ ရက်များတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် တရုတ်လူသားမျိုးနွယ် အင်ဂျင်နီယာနည်းပညာဆိုင်ရာ ထိပ်သီးဖိုရမ် (4TH China Summit Forum on Human Factors Engineering) တွင် Zhou က ပြောကြားခဲ့ခြင်းဖြစ်သည်။

အာကာသထဲ ရောက်ရှိနေသော တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် ဂြိုဟ်တုများအားတွေ့ရစဉ်(ဆင်ဟွာ)

အာကာသထဲ ရောက်ရှိနေသော တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် ဂြိုဟ်တုများအားတွေ့ရစဉ်(ဆင်ဟွာ)

အာကာသထဲ ရောက်ရှိနေသော တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် ဂြိုဟ်တုများအားတွေ့ရစဉ်(ဆင်ဟွာ)

ကြီးမားသော အာကာသ ပစ္စည်း ကိရိယာများ တပ်ဆင်မှု နှင့် အသုံးပြုမှုတွင်  နည်းပညာဆိုင်ရာ ထောက်ပံ့ပေးရန် ၊ ဂြိုဟ်ပတ်လမ်းအတွင်း မကြာခဏ လှည့်လည်ပျံသန်းနေသည့် အာကာသယာဉ်မှူးများအတွက် ကျန်းမာရေး နှင့် အသက်အာမခံချက်ရရှိရေးအတွက် ထောက်ပံ့ပေးရန် နှင့် တရုတ်အမျိုးသားအာကာသဓါတ်ခွဲခန်းတစ်ခု တည်ဆောက်ရန် စသည်တို့အတွက် ၎င်း အာကာသစခန်းသည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံသုတေသနလုပ်ငန်းများအတွက်  အဓိကစင်္ကြံ ကြီးတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Zhou က ဆိုသည်။(Xinhua)