Connect with us

Science & Technology

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာသုတေသန ဂြိုဟ်တုသစ် လွှတ်တင်

ဆက်သွယ်ရေးနည်းပညာဂြိုဟ်တုအသစ် တင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံအား လွှတ်တင်စဉ် (ဆင်ဟွာ)

ရှီးချန်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာဂြိုဟ်တုအသစ်အား နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စီစဉ်ထားသည့်ကမာ္ဘပတ်လမ်းကြောင်းအတွင်းသို့ အောက်တိုဘာ ၁၇ ရက် ညပိုင်းက လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်းစံတော်ချိန် ၂၃ : ၂၁ နာရီက Long March-3B သယ်ဆောင်ရေး ဒုံးပျံဖြင့် လွှတ်တင်ခဲ့သည့် ဂြိုဟ်တုအသစ်အား ရေဒီယိုလှိုင်းစုံနှင့် မြန်နှုန်းမြင့် ဆက်သွယ်ရေးနည်းပညာသုတေသန စသည့်လုပ်ငန်းများအတွက် အဓိက အသုံးပြုသွားမည်ဖြစ်သည်။

အဆိုပါ ဂြိုဟ်တုနှင့် သယ်ဆောင်ရေးဒုံးပျံကို တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း လက်အောက်ရှိ China Academy of Space Technology နှင့် China Academy of Launch Vehicle Technology တို့က အသီးသီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေးနည်းပညာဂြိုဟ်တုအသစ် တင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံအား လွှတ်တင်စဉ် (ဆင်ဟွာ)

အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် ဂြိုဟ်တုလွှတ်တင်မှုမှာ Long March ဒုံးပျံ၏ ၃၁၅ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.