Connect with us

Science & Technology

တရုတ်နိုင်ငံသို့ ဂူးဂဲလ် ပြန်လာမည်

Google ကုမ္ပဏီရုံးအား တွေ့ရစဉ်။ (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မိုဘိုင်း အက်ပလီကေးရှင်း စတိုး(Mobile application store) တစ်ခုဖြစ်သော ဂူးဂဲလ် ပလေး (Google Play) သည် တရုတ်နိုင်ငံ ပြည်မကြီးသို့ ယခုလအတွင်း စောနိုင်သမျှ စောစော ပြန်ဝင်လာရန်ရှိကြောင်း China Daily တွင် အင်္ဂါနေ့က သတင်းဖော်ပြထားသည်။

ဂူးဂဲလ်က တရုတ်ပြည်မကြီးမှ ဝန်ဆောင်မှုလုပ်ငန်းများအား ၂၀၁၀ ခုနှစ်တွင် ရုတ်သိမ်းခဲ့ပါသည်။

နည်းပညာ သတင်းဝဘ်ဆိုဒ် ဖြစ်သော information.com တွင် ဂူးဂဲလ်က တရုတ်နိုင်ငံအတွက် ဂူးဂဲလ်ပလေး အား အထူးဗားရှင်း (version) ဖြင့် လုပ်ဆောင်ထားပြီး တရုတ်နိုင်ငံတွင် ရောင်းချမည့် အန်းဒရွိုက် (Android) စနစ်သုံး ပစ္စည်းများတွင် သုံးစွဲနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပေကျင်းအခြေစိုက် အက်ပလီကေးရှင်း ဖန်တီးသူတစ်ဦးက ဂူးဂဲလ်ပလေးသည် တရုတ်နိုင်ငံ ဈေးကွက်နှင့် အဆင်ပြေနိုင်အောင် တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရန် ထုတ်လုပ်ထားပြီး ရုပ်ရှင်စသော ဗီဒီယို နှင့်ပတ်သက်သည့် ထုတ်ကုန်များကိုမူ အသုံးပြု၍ရမည် မဟုတ်ဟု ဆိုပါသည်။

တရုတ်နိုင်ငံတွင် စမတ်ဖုန်း ရောင်းအားသည် အမြင့်ဆုံးသို့ ရောက်ရှိနေသကဲ့သို့ မိုဘိုင်းအက်ပ်(Mobile apps) လိုအပ်ချက်များလည်း မြင့်မားလာခဲ့ပြီး ဂူးဂဲလ်အနေဖြင့်လည်း ထိုသို့ကြီးမားသော စမတ်ဖုန်းဈေးကွက် ဝေစုကို ယူနိုင်ရန်လိုအပ်ကြောင်း သတင်းက ဆိုထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.