Connect with us

Science & Technology

တရုတ်နိုင်ငံမှ Zhongxing-2D ဂြိုဟ်တု လွှတ်တင်


ရှီးချန်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အတွင်းရှိ ရှီးချန်း ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ Zhongxing-2D ဂြိုဟ်တုကို Long March-3B ဒုံးပျံဖြင့် သယ်ဆောင်လာကာ ဇန်နဝါရီ ၁၁ ရက် နံနက် ၁နာရီ ၁၁ မိနစ်တွင် အာကာသထဲသို့ လွှတ်တင်လိုက်ကြောင်း သိရသည်။

Zhongxing-2D ဂြိုဟ်တု လွှတ်တင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ဂြိုဟ်တုသည် ကြိုတင်စီစဉ်ထားသည့် ကမ္ဘာပတ်လမ်းအတွင်းသို့ ဝင်ရောက်လျက်ရှိပြီဖြစ်သည်။အဆိုပါ တရုတ်နိုင်ငံထုတ် ဆက်သွယ်ရေးနှင့် အသံလွှင့်ဂြိုဟ်တုသည် နိုင်ငံ၏ ရေဒီယို၊ ရုပ်မြင်သံကြာစခန်းများ နှင့် ကေဘယ် ရုပ်သံကွန်ယက်များအတွက် ရေဒီယိုနှင့် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးမည်ဖြစ်သည်။Zhongxing-2D ဂြိုဟ်တုနှင့် Long March-3B သယ်ဒုံးပျံကို တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းက တီထွင်ထုတ်လုပ်ခဲ့သည်။အဆိုပါ Long March ဒုံးပျံလွှတ်တင်မှုသည် ၂၉၈ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.