Connect with us

Science & Technology

ဆိုက်ဘာ လုံခြုံရေးတွင် မျှတမှု မရှိသည့် စံနှုန်းများ မဖြစ်သင့်ကြောင်း သမ္မတရှီ မိန့်ခွန်း ပြောကြား

ကမ္ဘာ့အင်တာနက် ညီလာခံ ဖွင့်ပွဲ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြား နေစဉ် (ဆင်ဟွာ)

ဝူကျန်း၊ ကျန့်ကန်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဆိုက်ဘာ ပြစ်မှုများနှင့် အင်တာနက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖိတ်ခေါ်လိုက်ပြီး ဆိုက်ဘာ လုံခြုံမှု ကာကွယ်ရေးတွင် နိုင်ငံ တစ်နိုင်ငံ ၊ အခြေအနေတစ်ရပ် အတွက်သာ အလေးထားသည့် မျှတမှု မရှိသော စံနှုန်းများ မသတ်မှတ်သင့် ကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန့်ကျန်းပြည်နယ်ရှိ ဝူကျန်း ဆိပ်ကမ်းမြို့တွင် ဒီဇင်ဘာလ ၁၆ ရက်က ပြုလုပ် သည့် ဒုတိယ အကြိမ် မြောက် ကမ္ဘာ့အင်တာနက် ညီလာခံ ဖွင့်ပွဲ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားခဲ့သည်။

“နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် တချို့ပဲ လုံခြုံနေရုံနဲ့ ကျွန်တော်တို့ လုံခြုံမှု မရှိနိုင်သလို မသေချာမှုတွေလဲ ကျန်ရှိနေမှာပါ၊ မိမိနိုင်ငံ လုံခြုံရေးအတွက်ပဲ စရိတ် သုံးစွဲနေမယ်ဆိုရင် အကြွင်းမဲ့ လုံခြုံရေးလို့ မဆိုနိုင်ပါဘူး” ဟု သမ္မတ ရှီက ပြောသည်။

သေချာမှုရှိပြီး တည်ငြိမ်ကာ အောင်မြင်သည့် ဆိုက်ဘာစပေ့သည် နိုင်ငံအားလုံး အတွက် အရေးပါပြီး အထူး သဖြင့် စစ်ရေး၊ အကြမ်းဖက်မှုများနှင့် အခြား မှုခင်း ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးနိုင်သည်။ ထို့ပြင် နိုင်ငံ အတွက် ဆိုက်ဘာစပေ့ဟာ စစ်မြေပြင် သို့မဟုတ် ဒုစရိုက်နယ် မဖြစ်သင့်ကြောင်း ရှီကပြောကြားခဲ့သည်။

နိုင်ငံများ အနေဖြင့်လည်း အကြမ်းဖက်မှု၊ ညစ်ညမ်းမှု၊ ဆေးဝါး တရားမဝင်ကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် လောင်းကစားခြင်း ကဲ့သို့သော ပြစ်မှုများ အတွက် ဆိုက်ဘာကို တလွဲသုံးခြင်းမှ ဆန့်ကျင် ကာကွယ်ရာတွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ရှီက ပြောသည်။

ဆိုက်ဘာပြစ်မှုများ အားလုံးသည် စီးပွားရေးဆိုင်ရာ ခိုးယူခြင်း သို့မဟုတ် ဟက်ကာတိုက်ခိုက်ခြင်း ဖြစ်ပြီး ယင်းကို ဥပဒေများနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများဖြင့် ကိုင်တွယ် ဖြေရှင်းသင့်ကြောင်းလည်း တရုတ်သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)