Connect with us

Science & Technology

အင်တာနက်ခေတ် တီထွင်ဆန်းသစ်ရေးအတွက် တရုတ်သမ္မတ ရှီ ပြောကြား

သမ္မတ ရှီကျင့်ဖိန် “Light of the Internet” ကုန်စည်ပြပွဲကို လှည့်လည် ကြည့်ရှုနေစဉ် (ဆင်ဟွာ)

ဝူကျန်း၊ ကျဲ့ကျန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်တာနက်ခေတ်တွင် အခွင့်အလမ်းများစွာ ရယူခြင်းဖြင့် တီထွင်မှု ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးရန်အတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာလ ၁၆ ရက်တွင် မှတ်ချက်ပြု ပြောကြားလိုက်သည်။

ယင်းမှတ်ချက်ကို တရုတ် နှင့် အခြားနိုင်ငံများမှ နောက်ဆုံးပေါ် အင်တာနက် နည်းပညာများ နှင့် ထုတ်ကုန် များ ပြသနေသော “Light of the Internet” ဟု ခေါင်းစဉ် ပေးထားသည့် ကုန်စည်ပြပွဲ ၌ ရှီက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုကုန်စည်ပြပွဲအား ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့၌ ကျင်းပနေသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့အင်တာနက် ညီလာခံတွင် ပြုလုပ်ခြင်း ဖြစ်သည်။

၂၀ ရာစုအတွင်း အကြီးကျယ်ဆုံး တီထွင်မှု တစ်ခုအဖြစ် အင်တာနက်က လူထု၏ အလုပ်အကိုင်၊ လူနေမှုဘဝ များတွင် ကြီးမားသော ပြောင်းလဲမှုများ ယူဆောင်လာပေးပြီး ကဏ္ဍပေါင်းစုံတွင် ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးမှု များ တိုးတက်လာ ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

စီးပွားရေး လုပ်ငန်းများ အနေဖြင့် အင်တာနက်ကို အသုံးပြုပြီး ဖွံ့ဖြိုးမှု ပုံစံ ပြောင်းလဲ၍ နည်းပညာ၊ ဝန်ဆောင် မှုနှင့် စီးပွားရေး ပုံစံများတွင် ဆန်းသစ်မှုများ ပြုလုပ်သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

အင်တာနက်မှ အရေးပါသော အခွင့်အလမ်းများကို အကျိုးရှိရှိ အသုံးချ၍ တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေ ရေး မဟာဗျူဟာကို အကောင်းအထည်ဖော်ရန် ရှီက တိုက်တွန်းခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲတွင် ပြသထားသည့် “Internet plus” အမည်ပေးထားသော ဖွံ့ဖြိုးမှု တေးဂီတ ဖျော်ဖြေပွဲ တွင် ဆန်းသစ်ခြင်းနှင့် အခြားအရာများကိုလည်း တင်ဆက်ပြသထားသည်။ ယင်းသည် တရုတ်နှင့် ပြည်ပလုပ်ငန်း ၂၆၀ နီးပါးအား ဆွဲဆောင်နိုင်ခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ငံရေး အမြဲတမ်းကော်မတီ အဖွဲဝင် လျူယန်ရှန်လည်း ယင်း ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117