Connect with us

Science & Technology

တရုတ်နိုင်ငံက စီးပွားဖြစ်ဆက်သွယ်ရေး ဂြိုဟ်တုအသစ် လွှတ်တင်

ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် APSTAR-6D ဂြိုဟ်တုကို လွှတ်တင်မှုအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှီးချန်း ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက APSTAR-6D အမည်ပေးထားသော စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို  နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ သတ်မှတ်ဂြိုလ်ပတ်လမ်းအတွင်းသို့ ဇူလိုင် ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

APSTAR-6D ဆက်သွယ်ရေး ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် ည ၈ နာရီ ၁၁ မိနစ် အချိန်တွင် Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ကြောင်း ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာထံမှ သိရသည်။

ရှီးချန်း ဂြိုဟ်တု  လွှတ်တင်ရေးစင်တာမှ Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် APSTAR-6D ဂြိုဟ်တုကို လွှတ်တင်မှုအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

အဆိုပါ ဂြိုဟ်တုအား တရုတ် လေကြောင်းသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်း၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်သည့် တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီ(CAST) မှ တီထွင်ခဲ့ကြောင်း သိရသည်။

ယင်းဆက်သွယ်ရေး ဂြိုဟ်တုအား APT Mobile SatCom Limited က လေကြောင်း ၊ ရေကြောင်း ၊ ကုန်းလမ်း နှင့် အခြား မိုဘိုင်းလ် ဆက်သွယ်ရေး application များအတွက် ဂြိုဟ်တု မြန်နှုန်းမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရန် ဝယ်ယူခဲ့ကြောင်း သိရသည်။

APSTAR-6D ဆက်သွယ်ရေး ဂြိုဟ်တုတီထွင်မှုကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် စတင်ခဲ့ပြီး သက်တမ်းအားဖြင့် ၁၅ နှစ် ရှိမည် ဖြစ်ပြီး ထုထည်အားဖြင့် ၅,၅၅၀ ကီလိုဂရမ်ဝန်းကျင် ရှိကြောင်း သိရသည်။

APSTAR-6D ဂြိုဟ်တုသည် တရုတ်နိုင်ငံ၏ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ မြင့်မားသော စွမ်းဆောင်ရည်ရှိသည့် မြန်နှုန်းမြင့် ဂြိုဟ်တုဆယ်သွယ်ရေးစနစ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း သိရသည်။

အာရှ-ပစိဖိတ်ဒေသရှိ အသုံးပြုသူများအတွက် မြင့်မားသောအရည်သွေးရှိသည့် မြန်နှုန်းမြင့် ကွန်ယက် နှင့် ဒေတာဆက်သွယ်ရေးဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ထားကြောင်း CAST ထံမှ သိရသည်။

ဆက်သွယ်ရေး စွမ်းရည် 50 Gbps ဝန်းကျင် နှင့် single-beam စွမ်းရည်ကို 1 Gbps ဖြင့်  APSTAR-6D ဂြိုဟ်တု သည် အသုံးပြုသူများအား အရည်အသွေးမြင့်မားသော အသံ နှင့် ဒေတာထုတ်လွှင့်မှုများကို ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီ(CAST)မှ ဇူလိုင် ၉ ရက်အထိ နိုင်ငံတကာ သုံးစွဲသူများအတွက် စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တု ၁၁ စင်းအား အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခု ဇူလိုင် ၉ ရက်တွင် APSTAR-6D ဆက်သွယ်ရေးအား လွှတ်တင်ခဲ့သော Long March ဒုံးပျံစီးရီးများမှာ ၃၃၉ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။ (Xinhua)