Connect with us

Science & Technology

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ထိပ်တန်းသိပ္ပံပညာဆိုင်ရာ ဆုတံဆိပ်ကို ပညာရှင်နှစ်ဦးထံ ပေးအပ်ချီးမြှင့်

တရုတ်နိုင်ငံ သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် သုတေသန အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုတွင် ထူးချွန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် ဟွမ်ရှုဟွာနှင့် ဇန်းချင်ချွမ်းတို့အား တရုတ်နိုင်ငံ၏ သိပ္ပံပညာရပ်ဆိုင်ရာ အဆင့်မြင့်ဆုံး ဆုတံဆိပ်ကို ဇန်နဝါရီ ၁၀ ရက်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပေကျင်းမြို့တွင် ပြုလုပ်သည့် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် သုတေသန အောင်မြင်မှုများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား၌ အထက်ပါ ပညာရှင်များကို ဆုတံဆိပ်များနှင့် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တရုတ် အင်ဂျင်နီယာရင်းအကယ်ဒမီမှ ပညာရှင်ဖြစ်သူ ဟွမ်ရှုဟွာသည် တရုတ်နိုင်ငံ၏ ပထမမျိုးဆက် နျူကလီးယား ရေငုပ်သင်္ဘောများ၏ ပုံစံထုတ်အင်ဂျင်နီယာချုပ် ဖြစ်သည်။

ဇန်းချင်ချွမ်းကမူ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) မှ ပညာရှင်တစ်ဦးဖြစ်သလို CAS လက်အောက်ရှိ ကမ္ဘာ့လေထုလေ့လာရေးရူပဗေဒသိပ္ပံမှ နာမည်ကျော် မိုးလေဝသပညာရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117