Connect with us

Science & Technology

တရုတ်နိုင်ငံက ဒုတိယမြောက် လေယာဉ်တင် သင်္ဘော မိတ်ဆက်ပြသ

တရုတ်နိုင်ငံ၏ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောအား တွေ့ရစဉ် (ဆင်ဟွာ)

ဒေလီယံ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း Liaoning ပြည်နယ်ရှိ ဒေလီယံ သင်္ဘောကျင်းတွင် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောအား ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ပထမဆုံး တည်ဆောက်သော အဆိုပါ လေယာဉ်တင် သင်္ဘောအား ကုန်းတွင်း သင်္ဘောဆိပ်မှ China Shipbuilding Industry Corp (CSIC) ပိုင် ဒေလီယံ သင်္ဘောကျင်းတွင် ဒေသစံတော်ချိန် နံနက် ၉း၀၀ နာရီက ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တွင် ထားရှိသည့် ဆိုဗီယက်ယူနီယံ ထုတ် လေယာဉ်တင်သင်္ဘောကို ပြန်လည် တပ်ဆင်မွမ်းမံထားသည့် Liaoning ပြီးနောက် တရုတ်နိုင်ငံ၏ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်သည်။

အဆိုပါ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောအား ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် သဘောၤကျင်း တည်ဆောက်မှုအား စတင် လုပ်ဆောင်ခဲ့သည်။

သင်္ဘော၏ အဓိက ကိုယ်ထည်အား အပြည့်အစုံ တပ်ဆင်ပြီး ဖြစ်သလို အဓိက စနစ်များလည်း တပ်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။

ယင်း သင်္ဘောကို တရုတ်နိုင်ငံ ပြည်တွင်းထုတ် လေယာဉ်တင် သင်္ဘော တစ်စင်းအဖြစ် ဒီဇိုင်းဆွဲကာ တည်ဆောက်ထားခြင်း ဖြစ်သည်။

သင်္ဘော မိတ်ဆက်ခြင်း အခမ်းအနားသို့ ဗဟို စစ်ကော်မရှင်မှ ဒုတိယ ဥက္ကဋ္ဌ ဖန်ချန်းလုံ၊ PLA ရေတပ်နှင့် CSIC မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.