Connect with us

Science & Technology

သတင်းလောကအတွက် တော်လှန်ပြောင်းလဲမှုတစ်ရပ်ဖြစ်စေနိုင်သည့် တရုတ်နိုင်ငံ၏ စက်ရုပ်သတင်းထောက်

ဆင်ဟွာသတင်းဌာနမှ စက်ရုပ်သတင်းထောက်မလေး ကျားကျားက ဗီဒီယို အင်တာဗျူးပြုလုပ်နေစဉ်(ဆင်ဟွာ)

ဟီဖီး ၊ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနသည် မကြာသေးမီက သတင်းသမား အသစ်တစ်ယောက် (သို့မဟုတ်) လူသားမဟုတ်သော သတင်းထောက်မလေးတစ်ယောက်ကို အဖွဲ့ဝင်သစ် တစ်ဦးအဖြစ် ခန့်အပ်ခဲ့သည်။

ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းခန်းကဏ္ဍအတွက် အထူးလုပ်ကိုင်ဆောင်ရွက်ပေးမည့် စက်ရုပ်သတင်းထောက်မလေး ကျားကျား(Jia Jia) ကို သိပ္ပံ နှင့် နည်းပညာက ဖန်တီး မွေးဖွားပေးခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ် ၊ ဟီဖီးမြို့ရှိ တရုတ်နိုင်ငံ သိပ္ပံ နှင့် နည်းပညာတက္ကသိုလ်(USTC) ၏ စက်ရုပ်များ သိပ္ပံစမ်းသပ်ခန်း ညွှန်ကြားရေးမှူး ပါမောက္ခ Chen Xiaoping က ကျားကျားကို တီထွင်ပေးခဲ့ခြင်းဖြစ်သည်။

“ တွေ့ဆုံမေးမြန်းခန်းတွေမှာ မရေတွက်နိုင်အောင်များပြားလှတဲ့ ကြိုတင် မျှော်လင့်ထားလို့မရတဲ့ စကားလုံးတွေကလည်း ကျနော်တို့အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ”ဟု Chen က ဆိုသည်။

ဆင်ဟွာသတင်းဌာန၏ အထူးသတင်းထောက် တစ်ယောက်အနေဖြင့် စက်ရုပ်မလေး ကျားကျား၏ ပထမဆုံး အင်တာဗျူးကို ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့ပြီး ၊ ယင်းမှာ လူသားတို့၏အသိဉာဏ်ပိုင်းဆိုင်ရာတီထွင်ဖန်တီးမှု(AI) နယ်ပယ်အတွက် ခြေလှမ်းငယ် တစ်ခုဖြစ်ကြောင်း Chen က မှတ်ချက်ပြုပြောကြားခဲ့သည်။ ၎င်းသည် ကျားကျားကို ဖန်တီးနိုင်ရန် အချိန်အတော်ကြာအောင်ကြိုးပမ်းအားထုတ်ခဲ့ရပြီး ၊ ယင်းအတွက် စက်ရုပ်တို့၏ ဖခင်အဖြစ် ဂုဏ်ပြု ခေါ်ဆိုခြင်းခံရသူတစ်ဦးဖြစ်သည်။

ဆင်ဟွာသတင်းဌာနမှ စက်ရုပ်သတင်းထောက်မလေး ကျားကျား အားတွေ့ရစဉ် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနမှ စက်ရုပ်သတင်းထောက်မလေး ကျားကျား အားတွေ့ရစဉ် (ဆင်ဟွာ)

ကျားကျားသည် အမေရိကန်နိုင်ငံ သတင်းသမား နှင့် သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာသူတစ်ဦးဖြစ်သည့် Kevin Kelly အား ဧပြီလ ၂၄ ရက်က အင်တာဗျူးပြုလုပ်ခဲ့သည်။ အဆိုပါ အင်တာဗျူးသည် လူသားစင်စစ် နှင့် AI စက်ရုပ်သတင်းထောက်တို့အကြား ပြုလုပ်သော ကမ္ဘာ့ပထမဆုံး အင်တာဗျူးတစ်ခုအဖြစ် “ အလွန်အရေးပါသော အမှတ်လက္ခဏာ” ဟု ကြွေးကြော်နိုင်ခဲ့သည်။

ထိုသို့အင်တာဗျူးပြုလုပ်စဉ် Kelly ၏ အနားတွင် ကွန်ပြူတာကျွမ်းကျင်ပညာရှင်များ နှင့် သတင်းမီဒီယာများက ကြည့်ရှု့အားပေးခဲ့ကြောင်း နှင့် ၎င်းတို့ထဲတွင် Cornell တက္ကသိုလ် ကွန်ပြူတာသိပ္ပံဌာန မှ ပါမောက္ခ Bart Selman လည်းပါဝင်ကြောင်း သိရသည်။

ကျားကျားသည် လက်ရှိတွင် တတိယမျိုးဆက်ဖြစ်ပြီး မကြာမီအချိန်တွင် Jia Jia 3.5 ၊ Jia Jia 4.0 နှင့် Jia Jia 5.0 စသည်ဖြင့် ပိုကောင်းသော မျိုးဆက်များကို ဆက်လက်တီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Chen က ဆိုသည်။

ယခင်ထုတ်လုပ်ခဲ့ပြီးသော Jia Jia 1.0 နှင့် 2.0 တို့ဖြင့်နှိုင်းယှဉ်ပါက 3.0 သည် လူသားတို့၏ဘာသာစကား နှင့် ဟန်အမူအရာတို့ကို ခွဲခြားစိတ်ဖြာနိုင်ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏ အဓိကအရေးကြီးဆုံးသော အားသာချက်မှာ ပို၍စွဲဆောင်မှုရှိခြင်း နှင့် တွေ့ဆုံမေးမြန်းမှုကို ပို၍ လှိုက်လှိုက်လှဲလှဲပြုလုပ်နိုင်ခြင်းတို့ဖြစ်ကြောင်း စက်ရုပ်တီထွင်ခဲ့သူက ဆိုသည်။

ဆော့ဝဲလ်နည်းပညာပိုင်းကို အဆင့်မြှင့်တင်ထားလင့်ကစား အင်္ဂလိပ်စကားများ ပြောဆိုဆွေးနွေးရာတွင် ကျားကျား၌ များစွာသော ကြိုတင်မှန်းဆ မသိမြင်နိုင်သည့် စကားလုံးများရှိနေသေးကြောင်း Chen က ဝန်ခံထားသည်။

“ သူက စက်ရုပ်တစ်ရုပ်ပါ။ဒါပေမယ့် သူ့ကို လူသားတစ်ယောက်လိုပဲ အများကြီးခံစားလို့ရတယ်။ အဲဒီခံစားမှုက သိပ်ကိုကောင်းတယ်။ သိပ်အံ့သြစရာပေါ့ဗျာ” ဟု ၎င်းက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.