Connect with us

Science & Technology

တရုတ်နိုင်ငံက ပထမဆုံး မားစ်ဂြိုဟ်လေ့လာရေးခရီးစဉ်၏ နာမည် ကြေညာမည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2 သယ်ဆောင်ရေးဒုံးပျံတစ်စင်း လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး မားစ်ဂြိုဟ်လေ့လာရေးခရီးစဉ်၏ နာမည်နှင့် တံဆိပ်ကို ဧပြီ ၂၄ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံ အာကာသနေ့တွင် အများပြည်သူထံ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ စီမံခန့်ခွဲမှု (CNSA) အရ သိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် မားစ်ဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်ရန် စီစဉ်ထားပြီး ဂြိုဟ်ပတ်လမ်းအတွင်းဝင်ရောက်ခြင်း၊ ဂြိုဟ်ပေါ်သို့ ဆင်းသက်ခြင်းနှင့် လှည့်လည်ခြင်း စသည့်တို့အား ခရီးစဉ်တစ်ခုတည်းအတွင်း ပြီးပြည့်စုံစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ 

တရုတ်နိုင်ငံသည် နိုင်ငံ၏ ပထဆုံးဂြိုဟ်တု “တုံးဖောင်းဟုန်-၁” (Dongfanghong-1) အား ၁၉၇၀ ပြည့်နှစ် ဧပြီ ၂၄ ရက်တွင် အာကာသအတွင်း လွှတ်တင်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ကာ ဧပြီ ၂၄ ရက်ကို အာကာသနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့သည်။ ယခုနှစ်သည် အာကာသအတွင်းသို့ တရုတ်နိုင်ငံ၏ ဂြိုဟ်တု စတင်ဝင်ရောက်ခဲ့သည့် နှစ် ၅၀ ပြည့်မြောက်သည့်နှစ်ဖြစ်သည်။လှုပ်ရှားမှုပေါင်းများစွာ ပါဝင်မည့် အဆိုပါ အာကာသနေ့သည် တရုတ်နိုင်ငံ၏ အာကာသနည်းပညာ တိုးတက်မှုကို ပိုမိုနားလည်စေရန် တရုတ်နိုင်ငံမှ ပြည်သူများနှင့် ကမ္ဘာအတွက် ပြတင်းပေါက်တစ်ခု ဖြစ်လာစေမည်ဟု ဆိုသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117