Connect with us

Science & Technology

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်ပါသော ဂြိုဟ်တုအသစ်များ လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2C သယ်ဆောင်ရေးဒုံးပျံကို အောက်တိုဘာ ၂၆ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီးချန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှတစ်ဆင့် အဝေးထိန်းအာရုံခံစနစ်ပါသော ဂြိုဟ်တုအသစ်အုပ်စုတစ်စုကို အောက်တိုဘာ ၂၆ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

Yaogan-30 family ပိုင်ဆိုင်သော အဆိုပါဂြိုဟ်တုများကို ပေကျင်းစံတော်ချိန် ည ၁၁ နာရီ ၁၉ မိနစ်တွင် Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဂြိုဟ်တုများသည် စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ပြီး လျှပ်စစ်သံလိုက်ပတ်ဝန်းကျင် ရှာဖွေခြင်းနှင့် ဆက်စပ်သော နည်းပညာစမ်းသပ်မှုများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2C သယ်ဆောင်ရေးဒုံးပျံကို အောက်တိုဘာ ၂၆ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ) 

ထို့ပြင် ၎င်းဒုံးပျံနှင့်အတူ Tianqi ကြယ်တာရာစုပိုင်ဆိုင်သော ဂြိုဟ်တုတစ်စင်းလည်း လွှတ်တင်ခဲ့သည်။ အဆိုပါ ဂြိုဟ်တုသည် Tianqi-6 ဖြစ်ပြီး အချက်အလက် ထပ်ဆင့်ထုတ်လွှင့်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။ Tianqi ကြယ်တာရာစုသည် ပေကျင်းမြို့ အခြေစိုက် နည်းပညာမြင့်ကုမ္ပဏီတစ်ခုက သတင်းတို ဆက်သွယ်ရေးများအတွက် တီထွင်ထားခြင်း ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုများ လွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၃၅၀ မြောက် လွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)