Connect with us

Science & Technology

တရုတ်နိုင်ငံထုတ် ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် ပထမဆုံးအကြိမ်ပျံသန်း

ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် “MOZI 2” ပထမဆုံးအကြိမ် ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် “MOZI 2” အား ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း ယင်းလေယာဉ်ထုတ်လုပ်သူ OXAI Aircraft ကုမ္ပဏီလီမိတက်က ဇူလိုင်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါလေယာဉ်အား တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် အရှေ့ပိုင်း တယ်ချင်းစီရင်စုရှိ လေဆိပ်တွင် ဇူလိုင်လ ၂၇ ရက်က ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် ယင်းကုမ္ပဏီပြောကြားချက်အရ သိရသည်။

အဆိုပါ လေယာဉ်အား တောင်ပံအလျား ၁၅ မီတာဖြင့် ဒီဇိုင်းရေးဆွဲထားပြီး ဆိုလာဆဲလ်များဖြင့်သာ စွမ်းအင်သုံးစွဲထားကြောင်း၊ ယင်းလေယာဉ်မှာ အများဆုံး အမြင့် ၈,၀၀၀ မီတာအထိ ပျံသန်းနိုင်ကြောင်း၊ နေအလင်းရောင်တွင် ၈ နာရီအားသွင်းပြီးနောက် အမြန်နှုန်းနှေးနှေးဖြင့် ၁၂ နာရီအထိ ပျံသန်းနိုင်ကြောင်း ကုမ္ပဏီက ပြောခဲ့သည်။

ထိုလေယာဉ်အား သဘာဝဘေးလျော့ပါးရေး၊ ကင်းထောက်ရေးနှင့် ဆက်သွယ်ရေးအတွက် အသုံးပြုဖွယ်ရှိကြောင်း သိရသည်။

ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ မော်ယိချင်က လေယာဉ်၏ အပလီကေးရှင်းအား ထပ်မံ၍ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ရန် 5G ဆားဗစ်ပရိုဗိုက်တာများဖြင့် ချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.