Connect with us

Science & Technology

တရုတ်နိုင်ငံသည် အာကာသအတွင်း ကြွက်၏ သန္ဓေသားလောင်းများအား အောင်မြင်စွာ ဖွံ့ဖြိုးအောင် ပြုလုပ်နိုင်ခဲ့

အာကာသအတွင်းသို့ ဂြိုလ်တုဖြင့် မလွှတ်တင်မီ ကြွက်၏ သန္ဓေသားလောင်းများ၏ အခြေအနေအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ သိပ္ပံဆိုင်ရာ သုတေသန ဂြိုလ်တု ဖြင့် သယ်ဆောင်လာသည့် ကြွက်၏ သန္ဓေသားလောင်းများ အား အာကာသအတွင်း၌ ဖွံ့ဖြိုးအောင် ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး အောင်မြင်ခဲ့သည့် အာကာသအတွင်း နို့တိုက်သတ္တဝါ သန္ဓေသားလောင်း ဖွံ့ဖြိုးမှု ဆိုင်ရာ စမ်းသပ်ချက် တစ်ခု ဖြစ်လာကြောင်း သိရသည်။

SJ-10 အမည်ရှိ ဂြိုလ်တု အား ဧပြီလ ၆ ရက်တွင် အာကာသအတွင်းသို့ လွှတ်တင်ခဲ့ပြီး ၎င်းနှင့်အတူ အစောပိုင်းအဆင့် ကြွက် သန္ဓေသားလောင်း ၆,၀၀၀ ကိုပါ သယ်ဆောင်သွားကာ သိပ္ပံပညာရှင်များ အနေဖြင့် ဆွဲအားမဲ့ အခြေအနေတွင် သန္ဓေသားလောင်း များ ဖွံ့ဖြိုးမှု ပုံစံကို လေ့လာနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အာကာသအတွင်း လူသား မျိုးပွားမှု စနစ် ဆိုင်ရာ သုတေသန လုပ်ငန်းများအတွက် အချက်အလက်များ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂြိုလ်တုမှ ပြန်လည်ပေးပို့သည့် အချက်အလက်များအရ သန္ဓေသားလောင်း များသည် ဆဲလ် အဆင့်မှ Blastocyst ခေါ် သိသာ ထင်ရှားသည့် မတူညီသည့် ဆဲလ်များအဖြစ် ပြောင်းလဲလာသည့် အဆင့်သို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117