Connect with us

Science & Technology

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် အောက်စဖို့သုတေသနစင်တာဖွင့်လှစ်

အောက်စဖို့ တက္ကသိုလ်အားတွေ့ရစဉ်

နန်ကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အောက်စဖို့တက္ကသိုလ်က ရုပ်ပိုင်းဆိုင်ရာ သိပ္ပံပညာနှင့် အင်ဂျင်နီယားရင်း သုတေသနအတွက် ပထမဆုံး ပြည်ပစင်တာကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ်တွင် နိုဝင်ဘာလ ၂၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆင့်မြင့်သုတေသနအတွက် အောက်စဖို့-ရှူကျိုးစင်တာ (OSCAR) အား ရှူကျိုးမြို့ရှိ ရှူကျိုးစက်မှုဥယျာဉ်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ စင်တာအား ကနဦးက ထိုဥယျာဉ်၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း အောက်စဖို့တက္ကသိုလ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းစင်တာတွင် ပရောဂျက်များကို ဦးဆောင်ရန် အောက်စဖို့တက္ကသိုလ်မှ ပညာရှင် ၁၂ ဦးကို ရွေးချယ်ထားပြီးဖြစ်သည်။ အဆိုပါ ပညာရှင်များသည် နှစ်စဉ် နှစ်လ ရှူကျိုးတွင် လာရောက်လုပ်ကိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံနှင့်အတူပြုလုပ်သည့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းတစ်ခု ဖြစ်ပြီး ဆန်းသစ်တီထွင်မှုနှင့် နယ်ပယ်သစ်များတွင် အောင်မြင်မှုများစွာ ရရှိရန် မျှော်လင့်ထားကြောင်း အောက်စဖို့တက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး Louise Richardson က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.